ရှီကျင့်ဖိန်၏ ယဉ်ကျေးမှု အတွေးအခေါ် လေ့လာရေးနှင့် လက်တွေ့ဖော်ဆောင်ရေး နှီးနှော ဖလှယ်ပွဲကို ဘေ ကျင်းတွင် ကျင်းပ

(GMT+08:00)2024-10-16 14:46:16  

  စာပေနှင့် အနုပညာ လောကမှ ပုဂ္ဂိုလ်များက ရှီကျင့်ဖိန်၏ ယဉ်ကျေးမှု အတွေး အခေါ်အား လေးနက်စွာ လေ့လာရေးနှင့် လက်တွေ့ဖော်ဆောင်ရေး နှီးနှောဖလှယ်ပွဲကို ယခုလ ၁၅ရက်နေ့က ဘေကျင်းတွင် ကျင်းပခဲ့ရာ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး လီရှူးလေ တက်ရောက် မိန့်ခွန်း ပြောကြားခဲ့သည်။

    နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာ ကြသူများက လွန်ခဲ့သည့် ဆယ်နှစ်တုန်းက အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် စာပေနှင့် အနုပညာ လုပ်ငန်း နှီးနှော ဖလှယ် ပွဲတွင် အရေးကြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ ယင်းမိန့်ခွန်းသည် ခေတ်ကာလ သစ်တွင် စာပေနှင့် အနုပညာ လုပ်ငန်းနှင့် ယဉ်ကျေးမှု တည်ဆောက်ရေး အတွက် လမ်းညွှန်ပေးသည့် လုပ်ငန်းစဉ် ဆိုင်ရာ စာတမ်း ဖြစ်လာကြောင်း၊ ခေတ်ကာလသစ်နှင့် ခရီးသစ်တွင် ရှီကျင့်ဖိန်၏ ယဉ်ကျေးမှု အတွေးအခေါ်ကို လေးနက်စွာ လေ့လာရေးနှင့် လက်တွေ့ဖော်ဆောင်ပြီး ပြည်သူ့ကို ဗဟိုပြုထားကာ စာပေနှင့် အနုပညာ လက်ရာများကို ရေးသားပြုစု ဖန်တီး၍ ယနေ့ခေတ်တွင် ထူးချွန် ကောင်းမွန်သည့် တရုတ် ရိုးရာ ယဉ်ကျေးမှု၏ တန်ဖိုးကို နက်ရှိုင်းစွာ ဖော်ထုတ်ပြီး နိုင်ငံ အသီးသီးမှ ထူးချွန်သော ယဉ်ကျေးမှု ဆိုင်ရာ အောင်မြင်မှုများ၏ အနှစ်သာရများကို လေ့လာရယူကာ တရုတ် စိတ်ဓာတ်ကို ပိုမိုကောင်းမွန်စွာ ပြသ၍ ယဉ်ကျေးမှုများ အကြား အပြန်အလှန် အတုယူ လေ့လာမှုကို ပိုမို ကောင်းမွန်စွာ တွန်းအား ပေးရ မည် ဖြစ်ကြောင်း ယူဆကြသည်။