ရုရှားနိုင်ငံသမ္မတ ပူတင် သည် ရုရှား-မြောက်ကိုရီးယား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသဘောတူစာချုပ် ခွင့်ပြုရန် ဥပဒေမူကြမ်းကို အောက်တိုဘာလ ၁၄ ရက်နေ့က ရုရှားဒူးမားလွှတ်တော်အား တင်ပြခဲ့ပါသည်။
သဘောတူစာချုပ် ပုဒ်မ ၄ တွင် တစ်ဘက်က နိုင်ငံတစ်နိုင်ငံသို့မဟုတ် နိုင်ငံများ၏ လက်နက်အင်အား တိုက်ခိုက်မှု ခံရလျှင် နောက်တစ်ဘက်က နည်းလမ်းမှန်သမျှဖြင့် စစ်ရေးနှင့် အခြားထောက်ပံ့မှုများကို ချက်ချင်းပေးမည် ဖြစ်ကြောင်း သတ်မှတ်ထားပါသည်။ ၄င်းသည် ကုလသမဂ္ဂပ ပဋိညာဉ်စာချုပ် ပုဒ်မ ၅၁၊ ရုရှားနှင့် မြောက်ကိုရီးယားနှစ်နိုင်ငံတို့၏ ဥပဒေများတွင် သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ သဘောတူစာချုပ် ပုဒ်မ ၈ တွင် နှစ်ဦး နှစ်ဖက်တို့သည် ပူးတွဲဆောင်ရွက်မှုစနစ်ကို ထားရှိရမည်ဖြစ်ကြောင်း၊ ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ပြီး စစ်ပွဲဖြစ်ပွားမှုကို တားဆီး၍ ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း အဆိုပါမူကြမ်းတွင် သတ်မှတ်ထား ပါသည်။