လီချန်သည် ပါကစ္စတန် တပ်မတော် ခေါင်းဆောင်များနှင့် တွေ့ဆုံ

(GMT+08:00)2024-10-15 14:57:37  

ဒေသစံတော်ချိန် အောက်တိုဘာလ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီချန် သည် ပါကစ္စတန် Joint Chiefs of Staff Committee ဥက္ကဋ္ဌ Sahir၊ ကြည်းတပ် စစ်ဦးစီးမှူးချုပ် Munir၊ ရေတပ် စစ်ဦးစီးမှူးချုပ် Ashraf ၊ လေတပ် စစ်ဦးစီးမှူးချုပ် Baburတို့နှင့် အစ္စလာမာဘတ်မြို့တွင် တွေ့ဆုံခဲ့ကြောင်း သိရပါသည်။

လီချန်က တရုတ်နိုင်ငံသည် နှစ်နိုင်ငံခေါင်းဆောင်များ ရရှိခဲ့သည့် အရေးကြီးသော သဘော တူညီချက်များကို အကောင်အထည်ဖော်ပြီး မဟာဗျူဟာ ညှိနှိုင်းဆောင်ရွက်မှုကို နက် ရှိုင်း စွာ လုပ်ဆောင်ရန်၊ အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်မှု အားကောင်း စေရန် နှင့် နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုကောင်းမွန်စွာ အကျိုးပြုရန် ပါကစ္စတန်နှင့် လက် တွဲ ဆောင်ရွက်လိုကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် ပါကစ္စတန်၏ ကြိုးပမ်း အားထုတ် မှုများကို တရုတ်နိုင်ငံက ထောက်ခံပြီး ပါကစ္စတန်နှင့်အတူ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆောင်ရွက်ပြီး နှစ်နိုင်ငံနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ပူးပေါင်းကာကွယ်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ 

ပါကစ္စတန်ဘက်က ပါကစ္စတန်နှင့် တရုတ်ကြား သံမဏိလို ချစ်ကြည်ရင်းနှီးမှုကို နက်ရှိုင်း စေခြင်း သည် ပါကစ္စတန်အလွှာပေါင်းစုံ၏သဘောတူညီမှုတစ်ရပ်ဖြစ်ကြောင်း၊ နှစ်နိုင်ငံနှင့် ဘက်ပေါင်းစုံ မူဘောင်များအတွင်း ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရန်၊ နှစ်နိုင်ငံ၏ ဘုံအကျိုးစီးပွားကို ကာကွယ်ရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် တရုတ်နိုင်ငံနှင့်လက်တွဲဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။