အောက်တိုဘာလ ၁၄ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အီရန် နိုင်ငံခြားရေးဝန်ကြီး Araghchiအား တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပါသည်။
Araghchiက အီရန်နိုင်ငံသည် လက်ရှိဒေသတွင်း အခြေအနေ ဘက်စုံ ပိုမို ဆိုးရွား လာ သော အန္တရာယ်ကို အာရုံစိုက်ပြီး အချင်းပွားမှု တစ်ဆင့်တိုးချဲ့ခြင်းကို မမြင်လိုကြောင်း၊ အီရန်နိုင်ငံသည် နိုင်ငံတကာရေးရာများတွင် တရုတ်နိုင်ငံ၏အရေးကြီးဩဇာညောင်းမှုကို လွန်စွာအလေးထားပြီး တရုတ်နိုင်ငံနှင့်အတူ ကူးလူးဖလှယ်မှုနှင့်ညှိနှိုင်းမှုကို အားဖြည့် ဆောင် ရွက်၍ နိုင်ငံခြားရေးနည်းလမ်းဖြင့် အခြေအနေတင်းမာမှုလျော့ပါးစေရန် တွန်း အား ပေးလို ကြောင်း ပြောကြားခဲ့ပါသည်။
ဝမ်ယိက လက်ရှိဂါဇာအချင်းပွားမှု၏ ဆိုးကျိုးသည် ကျယ်ပြန့်လာနေပြီး ဒေသတွင်း အခြေအနေတင်းမာမှု အဆက်မပြတ် မြင့်တက်လာနေကြောင်း၊ တရုတ်နိုင်ငံသည် ဆွေးနွေးခြင်းနှင့် ညှိနှိုင်းခြင်းဖြင့် hot-spot ပြဿနာများကို ဖြေရှင်းရန် အမြဲတမ်း တိုက်တွန်းပြီး ပဋိပက္ခပြင်းထန်လာမှု၊ အချင်းပွားမှုတိုးပွားလာခြင်းကို ဆန့်ကျင်ကာ စစ်ရေး ဆောင်ရွက်မှု ပြုလုပ်ခြင်းကို ဆန့်ကျင် ၍ ဘက်အသီးသီးတို့အနေဖြင့် ဒေသတွင်းငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးအတွက် အကျိုးပြုစွမ်းဆောင်နိုင်အောင် ပိုပြီး ဆောင်ရွက်ရန် ပန်ကြားလို ကြောင်း ပြောကြားခဲ့ပါသည်။