အောက်တိုဘာလ ၁၅ ရက်နေ့တွင် ၁၃၆ ကြိမ်မြောက် တရုတ် သွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲကို ကွမ်ကျိုးမြို့တွင် ဖွင့်လှစ်ခဲ့ပြီး အော့ဖ်လိုင်းပြပွဲတွင် ပါဝင်သော ကုမ္ပဏီပေါင်း ၃၀၀၀၀ ကျော်ရှိကာ ထုတ် ကုန် အသစ် ၁.၁၅ သန်းကို ပြသထား၍ လွန်ခဲ့သော အကြိမ် ပြပွဲထက် သိသိသာသာ တိုးတက် လာ ကြောင်း သိရပါသည်။
၁၃၆ ကြိမ်မြောက် ကွမ်ကျိုး ကုန်စည်ပြပွဲသည် ဒစ်ဂျစ်တယ်နှင့် အစိမ်းရောင် နိုင်ငံတကာ ကုန်သွယ် ရေး ဖွံ့ဖြိုးတိုးတက်မှု ရေစီးကြောင်းနှင့် အညီ ပြပွဲ ဦးစီးကျင်းပမှု အရည် အသွေးကို မြှင့်တင်ပေးကာ ကုမ္ပဏီ အသစ်များ၊ ထုတ်ကုန် အသစ်များ၊ နည်းပညာ အသစ် များနှင့် လုပ်ငန်းပုံစံ အသစ်များ ထွက်ပေါ်လာခဲ့သည်။