သီရိလင်္ကာသည် BRICS ထဲတွင် ပါဝင်ရန် ဆုံးဖြတ်

(GMT+08:00)2024-10-15 14:49:49  

ဒေသစံတော်ချိန် အောက်တိုဘာလ ၁၄ ရက်နေ့က သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Vijitha Herath သည် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ကိုလံဘိုဆိုင်ရာ သံတမန်အဖွဲ့များနှင့် တွေ့ဆုံ ပြီး အမှာစကား ပြောကြားခဲ့ရာ သီရိလင်္ကာသည် BRICS နှင့် New Development Bank တွင် ပါဝင်ရန် ဆုံးဖြတ်နေပြီဖြစ်ကြောင်း၊ မိမိသည် BRICS နိုင်ငံများမှ မိတ်ဆွေများသို့ စာပေးပို့ပြီး ထောက်ခံမှုကို တောင်းဆိုနေပြီဖြစ်ကြောင်း၊ BRICS နိုင်ငံများသည် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်၏ မူဘောင်အတွင်း သက်ညှာထောက်ထားသော နိုင်ငံစုံဝါဒကို အားကောင်းစေပြီး အပြန်အလှန် အကျိုးရှိစေသော ပူး ပေါင်း ဆောင်ရွက်မှု၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို အကောင် အထည် ဖော်ဆောင်ကာ  ထိရောက်သော မိတ်ဖက်ဆက်ဆံရေးပင် ဖြစ်သည်ဟု မိမိတို့ ယူဆ ကြကြောင်း ပြောကြားခဲ့သည်။