အောက်တိုဘာလ ၁၄ ရက်နေ့က တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သည် အရှေ့စစ်နယ်မှ ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ ဒုံးပျံတပ် စသည့် တပ်ဖွဲ့များကို စုစည်းပြီး ထိုင်ဝမ်ရေလက်ကြား၊ ထိုင်ဝမ်ကျွန်းမြောက်ဘက်၊ ထိုင်ဝမ်ကျွန်းတောင်ဘက်နှင့် ထိုင်ဝမ်ကျွန်း အရှေ့ဘက်တွင် "Joint Sword-2024B" စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပါသည်။ ယင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတော် တစ်ပေါင်း တစ်စည်းတည်းဖြစ်ရေး ထိန်းသိမ်းကာကွယ်ရန် လိုအပ်သည့် တရားမျှတသော ဆောင်ရွက်မှုပင် ဖြစ်သည်။
မကြာမီက ထိုင်ဝမ်ဒေသ ခေါင်းဆောင် လိုက်ချင်းတေသည် ထိပ်တိုက်ရင်ဆိုင်မှုနှင့် ရန်စမှု ပြင်းပြသည့် "နိုင်ငံ နှစ်နိုင်ငံ" သီအိုရီသစ်ကို ပြန်လည် ဝါဒဖြန့်ပြီး ထိုင်ဝမ် ရေလက်ကြား အခြေအနေ တင်းမာလာအောင် သွေးထိုးလှုံ့ဆော်ကာ ရေလက်ကြား နှစ်ဖက် ကမ်း ငြိမ်းချမ်းတည်ငြိမ်မှုကို ဆိုးဝါးစွာ ဖျက်ဆီးခဲ့သည်။ တရုတ်ပြည်မကြီး၏ တုံ့ပြန် ဆောင်ရွက်မှုများသည် လိုက်ချင်းတေ၏ ရန်စခြင်းကို ရည်ညွှန်းတာ ဖြစ်ပြီး တရားဝင် ဖြစ်ကာ တရားနည်းလမ်း ကျပါသည်။
မျက်မှောက်အချိန်တွင် ထိုင်ဝမ် သီးခြားတည်ရှိမှု သွေးခွဲရေးကို ဆန့်ကျင်သည့် တိုက်ခိုက်မှုသည် စနစ်ဆိုင်ရာ တိုက်ခိုက်မှု မဟုတ်ဘဲ တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေးနှင့် သွေးခွဲရေး အကြား တိုက်ခိုက်မှုပင် ဖြစ်သည်။ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်က ထိုင်ဝမ် ပင်လယ်မှာ အတိုင်းအတာ ကြီးမားသော စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်းသည် အမေရိကန်က သတင်းဖြန့်နေသည့် "အကြောင်းပြချက်ရှာတာ" မဟုတ်ဘဲ အချုပ် အခြာ အာဏာနိုင်ငံ တစ်နိုင်ငံက နိုင်ငံတော်ကို သွေးခွဲရန် ရှာကြံမှုကို အပြစ်ပေး ဆုံးမသွန်သင်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ ပြည့်စုံမှုကို ထိန်းသိမ်းကာကွယ်ရန် တရားမျှတသော ဆောင်ရွက်မှု ဖြစ်ကာ ပြည့်စုံသော တရားဥပဒေဆိုင်ရာ အထောက်အထား ရှိပါသည်။
တရုတ်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထိုင်ဝမ်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပိုင်နက်နယ်မြေ၏ အစိတ်အပိုင်း ဖြစ်ကြောင်း ရှင်းလင်းစွာ သတ်မှတ်ထားသည်။ နိုင်ငံတော် သွေးခွဲမှု ဆန့်ကျင်ရေး ဥပဒေတွင် ထိုင်ဝမ် သီးခြားတည်ရှိမှု သွေးခွဲရေး သမားများကို မည်သည့် အကြောင်းပြချက်၊ မည်သည့် အသွင်ပုံစံဖြင့် ထိုင်ဝမ်ကို တရုတ်နိုင်ငံမှ သွေးခွဲ ထွက်ရန်ကို နိုင်ငံတော်က လုံးဝ ခွင့်မပြုကြောင်း သတ်မှတ်ထားပါသည်။ ကာကွယ်ရေး ဥပဒေတွင် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ တာဝန်တစ်ခုသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေးနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို ထိန်းသိမ်းကာကွယ်ခြင်း ဖြစ်ကြောင်း သတ်မှတ် ထားပါသည်။ နိုင်ငံ တစ်နိုင်ငံ၏ တပ်မ တော်ဟာ ကိုယ့်ပိုင်နက်နယ်မြေတွင် စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခြင်းသည် အချုပ်အခြာအာဏာ ကျင့်သုံးခြင်း ဖြစ်ပြီး "အကြောင်းပြချက် ရှာတာ" လုံးဝ မလိုပါ။
"ထိုင်ဝမ် သီးခြား တည်ရှိရေး"သည် ရေလက်ကြားနှစ်ဖက်ကမ်း ငြိမ်းချမ်း တည်ငြိမ်ရေးနှင့် နှစ်ဖက်ကမ်းမှ မွေးချင်းပေါက်ဖော်များ၏ ချမ်းသာသုခများနှင့် ကျောခိုင်ပြီး မီးကစားသူ မီးဝါးခံရ မည်သာ ဖြစ်လိမ့်မည်။ "ထိုင်ဝမ် သီးခြား တည်ရှိရေး" ရန်စမှု မရပ်တန့်ပါက ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ပြည့်စုံမှုကို ထိန်းသိမ်းကာကွယ်ရန် ပြတ်ပြတ်သားသား တုံ့ပြန် ဆောင်ရွက်မှုများ ရပ် တန့်မည် မဟုတ်ကြောင်း China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါသည်။