
ကနေဒါသံတမန် ၆ ဦးကို သတ်မှတ်ချိန်အတွင်း နိုင်ငံတွင်းမှ ထွက်ခွာရန်နှင့် ကနေဒါမှ သံတမန် ၆ ဦးကို လည်း ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက ဒေသစံတော်ချိန် ၁၄ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထိုနေ့တွင်ပင် ကနေဒါနိုင်ငံခြားရေး ဝန်ကြီး ဌာန သည် အကြမ်းဖက် ရာဇ၀တ်မှုဆိုင်ရာ သံသယများဖြင့် အိန္ဒိယ သံတမန် ၆ ဦးကို နှင်ထုတ်ကြောင်း ကြေညာခဲ့သည်။ ယမန်နှစ် ဇွန်လတွင် ကနေဒါနိုင်ငံမှ Sikhism ခေါင်းဆောင် Hardeep Singh Nijar သည် ကနေဒါနိုင်ငံတွင် ပစ်သတ်ခံခဲ့ရသည်။ အိန္ဒိယအစိုးရသည် လူသတ်မှုတွင် ပါဝင် ပတ်သက် သည်ဟု ကနေဒါက စွပ်စွဲခဲ့ပြီး အိန္ဒိယသံတမန်အချို့ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ရာ အိန္ဒိယက သက်ဆိုင်ရာ စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး တင်းမာလာခဲ့ ကြောင်း သတင်းအရသိရှိရ သည်။








