အစ္စရေးနိုင်ငံဝန်ကြီးချုပ် နေတန်ယာဟု က အစ္စရေးနိုင်ငံအနေဖြင့် အီရန်နိုင်ငံ၏ ရေနံနှင့် နျူကလီးယားအဆောက်အအုံများကို တိုက်ခိုက်မည် မဟုတ်ကြောင်း အမေရိကန် နိုင်ငံသမ္မတ ဂျိုးဘိုင်ဒန် အား ပြောကြားခဲ့သည်ဟု အမေရိကန်မီဒီယာ၏ ရေးသား ဖော်ပြချက်နှင့် ပတ်သက်ပြီး အစ္စရေးနိုင်ငံဝန်ကြီးချုပ်ရုံးက အစ္စရေးနိုင်ငံသည် အမေရိကန် နိုင်ငံ၏ ပြောကြားချက်ကို ကြားသိရပြီ ဖြစ်သော်လည်း အစ္စရေးနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားကို အခြေခံကာ နောက်ဆုံး ဆုံးဖြတ်ချက်ကို ကိုယ်တိုင်ချမည် ဖြစ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်ဟု China Media Group မှ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရေးသားဖော်ပြထားပါသည်။
အစ္စရေးသည် အီရန်နျူကလီးယားအဆောက်အအုံများကို တိုက်ခိုက်မည် မဟုတ်ကြောင်း ကန်က ပြောဆို၊ နောက်ဆုံး ဆုံးဖြတ်ချက်ကို ကိုယ်တိုင်ချမည် ဖြစ်ကြောင်း အစ္စရေးက တုံ့ပြန် ပြောဆို
(GMT+08:00)2024-10-15 15:03:01