ယခုလ ၁၄ရက်နေ့က ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝူချန်းက လိုက်ချင်းတေ၏ ရန်စမှုသဘောပါသော ပြောဆိုချက်နှင့် အရှေ့စစ်နယ် လေ့ကျင့်မှုနှင့် ပတ်သက်၍ သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားရာတွင် ထိုင်ဝမ်သည် အစမှအဆုံး နိုင်ငံ တစ်နိုင်ငံ မဟုတ်သလို နိုင်ငံ တစ်နိုင်ငံလည်း လုံးဝ ဖြစ်လာမည် မဟုတ်ကြောင်း၊ ဒီမိုကရက်တစ် တိုးတက်ရေး ပါတီ အာဏာပိုင်၏ ထိုင်ဝမ် သီးခြား တည်ရှိရေးကို ကြံစည်ခြင်းနှင့် ပြင်ပမှ အင်အား၏ ဝင်ရောက်စွက်ဖက်မှုသည် ထိုင်ဝမ် ရေလက်ကြား အေးချမ်းတည်ငြိမ်ရေးကို ဖျက်ဆီးသည့် အရင်းအမြစ် ဖြစ်ပြီး ထိုင်ဝမ်သူ ထိုင်ဝမ်သားများအား ဒုက္ခအတွင်းသို့ ကျရောက်စေမည်သာ ဖြစ်ကြောင်း၊ ထိုင်ဝမ် သီးခြား တည်ရှိရေးကို ကြံစည်ခြင်းသည် ထွက်ပေါက် မရှိကြောင်း၊ ထိုင်ဝမ် သီးခြား တည်ရှိရေး ရန်စမှုကို တစ်ကြိမ် ပြုလုပ်လျှင် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ ဆောင်ရွက်မှုသည် ရှေ့သို့ ခြေလှမ်း တစ်လှမ်း လှမ်းလိုက်မည် ဖြစ်ပြီး ထိုင်ဝမ် ပြဿနာကို လုံးဝ ဖြေရှင်းပြီးထိတိုင်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုင်ဝမ် သီးခြား တည်ရှိရေး ကြံစည်ခြင်းသည် ထွက်ပေါက် မရှိကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ ထိုင်ဝမ် သီးခြား တည်ရှိရေးသမားများအား သတိပေး ပြောကြား
(GMT+08:00)2024-10-15 15:01:56