ကင်ဂျုံအန်းသည် နိုင်ငံတော်ကာကွယ်ရေး နှင့် လုံခြုံရေး အစည်းအဝေးကို ကြီးမှူးကျင်းပပြီး တင်းမာ သော စစ်ရေးနိုင်ငံရေး ရပ်တည်ချက်ကို ရှင်းလင်းပြောကြား

(GMT+08:00)2024-10-15 14:55:07  

ဒေသစံတော်ချိန် အောက်တိုဘာလ ၁၄ ရက်နေ့က မြောက်ကိုရီးယားအလုပ်သမားပါတီ အထေွထွေအတွင်းရေးမှူး၊ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ ကင်ဂျုံအန်းသည် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး အစည်းအဝေးကို ဦးစီးကျင်းပခဲ့သည်။ စစ်ဦးစီးဌာနချုပ်၏ သက်ဆိုင်ရာလုပ်ငန်း အကောင်အထည်ဖော်ရေးနှင့် အဓိကပူးပေါင်း တပ်ဖွဲ့များ စည်းရုံး ရေးအတွက် အသင့်ရှိခြင်းအခြေအနေနှင့်ပတ်သက်၍ အစီရင်ခံစာကို ကြားနာပြီးနောက် ကင်ဂျုံအန်းက လက်ရှိ စစ်ရေးလှုပ်ရှားမှုများ၏ ဦးတည်ချက်ကို ထောက်ပြခဲ့ပြီး နိုင်ငံတော် အချုပ်အခြာအာဏာနှင့် လုံခြုံရေးအကျိုးစီးပွားကို ကာကွယ်ရန် ကိုယ့်ကိုယ်ကို ကာကွယ်ခွင့်အား ကျင့်သုံးခြင်းနှင့် နိုင်ငံတော် ကာကွယ်ရေး အင်အား အသုံးပြုခြင်း တာဝန်များကို ချမှတ်ပေးခဲ့ပါသည်။

အစည်းအဝေးတွင် ကင်ဂျုံအန်းက ပါတီနှင့် အစိုးရတို့၏ တင်းမာသော စစ်ရေးရပ်တည်ချက်ကို ရှင်းပြခဲ့သည်။