တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားကြား စစ်ရေး နယ်နိမိတ်မျဉ်း၏ တောင်ဘက်သို့ တောင်ကိုရီးယားစစ်တပ်က တုံ့ပြန် ပစ်ခတ်ခဲ့

(GMT+08:00)2024-10-15 15:31:15  

အောက်တိုဘာလ ၁၅ရက်နေ့ နေ့လယ်ပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးဌာနချုပ်မှ ထုတ်ပြန်သည့်သတင်းအရ မြောက်ကိုရီးယားနိုင်ငံသည် ၎င်းနှင့် တောင်ကိုရီးယားကြား စစ်ရေးနယ်နိမိတ်မျဉ်း၏ မြောက်ဘက်တွင် နှစ်နိုင်ငံဆက်သွယ်ထားသော Gyeongui Line နှင့် Donghae Line ၏ လမ်းအစိတ်အပိုင်းကို ဗုံးဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံ၏ လုပ်ရပ်သည် တောင်ကိုရီးယားစစ်ဘက်အတွက် ထိခိုက်မှုမရှိကြောင်း၊ ထို့နောက် တောင်ကိုရီးယားစစ်တပ်သည် တုံ့ပြန်မှု အနေနှင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး သတိပေးခဲ့ကြောင်း၊ တောင်ကိုရီးယားစစ်တပ်သည် လက်ရှိတွင် မြောက်ကိုရီးယား၏ လုပ်ဆောင်မှုများကို အာရုံစိုက်နေပြီး တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် စောင့်ကြပ်မှုကို အားဖြည့်နေကြောင်း သတင်းအရ သိရပါသည်။

လက်ရှိအချိန်တွင် မြောက်ကိုရီးယားသည် ယင်းအပေါ် တုံ့ပြန်မှုမရှိသေးကြောင်း သိရသည်။