အောက်တိုဘာလ ၁၄ရက်နေ့ ညနေပိုင်းက တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ချိန်းထားသည့် အတိုင်း အင်ဒိုနီးရှား သမ္မတ ဂျိုကိုအား တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သည်။
ရှီကျင့်ဖိန်က အင်ဒိုနီးရှား နိုင်ငံ၏ အစိုးရသစ်သည် တရုတ် နိုင်ငံ အပေါ် ချစ်ကြည်ရေး မူဝါဒကို ဆက်ခံ ကျင့်သုံးပြီး တရုတ်- အင်ဒိုနီးရှား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို အဆင့်သစ်သို့ အဆက်မပြတ် တိုးမြင့်စေရန် တွန်းအားပေးမည်ဟု ယုံကြည်ကြောင်း၊ တရုတ် နိုင်ငံသည် အင်ဒိုနီးရှားနှင့် အတူ Belt and Roadကို အရည်အသွေး မြင့်မားစွာ တည်ဆောက်ပြီး ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း ဆက်တိုက် လည်ပတ်မှုကို ကောင်းမွန်စွာ လုပ်ကိုင်ဆောင်ရွက်ကာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု အကျိုးရလဒ်များကို နှစ်နိုင်ငံ ပြည်သူများအား ပိုမို ကောင်းမွန်စွာ ခံစား ရရှိ စေရန် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။
ဂျိုကိုက အင်ဒိုနီးရှား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် တရုတ် နိုင်ငံ၏ အပြု သဘော ဆောင်သော အကျိုးပြုမှုများကို ကျေးဇူးတင်ရှိကြောင်း၊ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားသည် နှစ်နိုင်ငံ Belt and Road အတူ တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာ ဖြစ်လာကြောင်း၊ အင်ဒိုနီးရှား အစိုးရသစ်၏ ခေါင်းဆောင်မှုဖြင့် နှစ်နိုင်ငံ ဆက်ဆံမှု ဆိုင်ရာ ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှု အရှိန်ကို ဆက်လက် ထိန်းသိမ်းထားနိုင်မည်ဟု မိမိ ယုံကြည်ကြောင်း ပြောကြားခဲ့သည်။