အောက်တိုဘာလ ၁၄ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ချိန်းထားသည့်အတိုင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Katzအား တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပါသည်။
Katz သည် ဒေသတွင်းအခြေအနေအပေါ် အစ္စရေးနိုင်ငံ၏ ထင်မြင်ချက်နှင့် အာရုံစိုက်မှုကို မိတ်ဆက်ခဲ့ပါသည်။
ဝမ်ယိက အရှေ့အလယ်ပိုင်းဒေသ အချင်းပွားမှု ဆက်လက်ပြင်းထန်လာပြီး နိုင်ငံတကာ မိသားစုကြီးက များစွာ စိုးရိမ်မိကြောင်း၊ လောလောဆယ်တွင် ဂါဇာ ဘက်စုံ ထာဝရ အပစ်အခတ် ရပ်စဲရေးကို ချက်ချင်းအကောင်အထည်ဖော်ပြီး ဓားစာခံအားလုံးကို လွှတ်ပေးကာ လူ သားချင်း စာနာထောက်ထားမှုကယ်ဆယ်ရေးများ အတားအဆီးမဲ့စွာ ဂါဇာသို့ ဝင်ရောက်မှုအား အားမခံပေးရန် အရေးပေါ်လုပ်ဆောင်ဖို့ လိုကြောင်း ပြောကြားခဲ့သည်။
ဝမ်ယိက တရုတ်နိုင်ငံသည် အစ္စရေးနှင့်အီရန်အကြား အခြေအနေတင်းမာမှုကို လွန်စွာ အာရုံစိုက်ကြောင်း၊ ဘက်အသီးသီးတို့အနေနှင့် သတိရှိစွာဆောင်ရွက်ကြပြီး ဒေသတွင်း အခြေအနေကို ဆိုးရွားသော စက်ဝန်း အတွင်း မဝင်ရောက်စေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဝမ်ယိက လက်ဘနွန်ဆိုင်ရာ ကုလသမဂ္ဂယာယီတပ်ဖွဲ့သည် လုံခြုံရေးကောင်စီ အစည်းအဝေး၏ဆုံးဖြတ်ချက်အရ ငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်မှုတာဝန်ကို ဆောင် ရွက် နေ ကြောင်း၊ အစ္စရေးနိုင်ငံသည် လက်ဘနွန်ဆိုင်ရာ ကုလသမဂ္ဂယာယီတပ်ဖွဲ့၏ တပ်မှူး တပ်သားများ၏လုံခြုံရေးကို ထိရောက်စွာ စောင့်ရှောက်သင့်ကြောင်း အလေးထား ပြောကြားခဲ့သည်။
Katzက တရုတ်နိုင်ငံနှင့်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ခြင်းသည် အစ္စရေးနိုင်ငံ၏ ချမှတ်ပြီးသောမူဝါဒဖြစ်ပြီး နှစ်နိုင်ငံဘုံတူအကျိုးနှင့်ကိုက်ညီကြောင်း၊ အစ္စရေးအစိုးရသည် ထိုင်ဝမ်ပြဿနာအပေါ် အမြဲတမ်းရပ်တည်ချက်ကို စောင့်စည်းလိုက်နာကြောင်း ပြောကြားခဲ့ ပါသည်။