တရုတ်နိုင်ငံ အရှေ့စစ်နယ်မှ စစ်တပ်သည် "Joint Sword-2024B" စစ်ရေးလေ့ကျင့်မှု ပြုလုပ်

(GMT+08:00)2024-10-14 13:35:24  

တရုတ်နိုင်ငံ အရှေ့စစ်နယ်မှ ပြောရေးဆိုခွင့်ရှိသူ ရေတပ် စီနီယာဗိုလ်မှူးကြီး လီရှီးက အောက်တိုဘာလ ၁၄ ရက်နေ့တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့စစ်နယ်မှ ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ ဒုံးပျံတပ်စသည့် တပ်ဖွဲ့များကို စုစည်းပြီး ထိုင်ဝမ်ရေလက်ကြား၊ ထိုင်ဝမ်ကျွန်းမြောက်ပိုင်း၊ ထိုင်ဝမ်ကျွန်းတောင်ပိုင်းနှင့် ထိုင်ဝမ်ကျွန်း အရှေ့ဘက်တွင် "Joint Sword-2024B" စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြောင်း၊ ယင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတော် တစ်ပေါင်း တစ်စည်းတည်းဖြစ်ရေး ထိန်းသိမ်းကာကွယ်ရန် လိုအပ်သည့် တရားမျှတသော ဆောင်ရွက်မှု ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။