Sam Hou Fai သည် မဲ ၃၉၄ မဲဖြင့် ဆဋ္ဌမမြောက် မကာအို အုပ်ချုပ်ရေးမှူးအဖြစ် အရွေးခံရ

(GMT+08:00)2024-10-14 13:26:40  

မကာအို အထူးအုပ်ချုပ်ရေးဒေသ ဆဋ္ဌမမြောက် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲကို အောက်တိုဘာလ ၁၃ ရက်နေ့က ကျင်းပခဲ့ရာ Sam Hou Faiသည် အဖွဲ့ဝင် ၄၀၀ ရှိသော ရွေးကောက်ပွဲ ကော်မတီတွင် မဲ အရေအတွက် ၃၉၄ မဲဖြင့် အရွေးခံခဲ့ ရကြောင်း China Media Group မှ သတင်းအရ သိရပါသည်။