အမေရိကန် SpaceX ကုမ္ပဏီ ၏ သယ်ဆောင်ဒုံးပျံ Starship သည် အမေရိကန် အလယ်ပိုင်းဒေသ စံတော်ချိန် အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၇ နာရီ ၂၅ မိနစ်တွင် အမေရိကန်နိုင်ငံ Texas ပြည်နယ်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့သည့်အပြင် ပဉ္စမအကြိမ် စမ်းသပ်ပျံသန်းမှုကိုလည်း အောင်မြင်စွာ ပြုလုပ်ခဲ့ကြောင်း အမေရိကန် SpaceX ကုမ္ပဏီက ၎င်း၏ဆိုရှယ်မီဒီယာ X တွင် အောက်တိုဘာလ ၁၃ ရက်နေ့က ဖော်ပြထားခဲ့ပါသည်။
အမေရိကန် SpaceX ကုမ္ပဏီ က ယခုအကြိမ် စမ်းသပ်ပျံသန်းမှုတွင် ဒုံးပျံ Booster ၏ ဆင်းသက်မှုကို ပထမဆုံးအကြိမ် စမ်းသပ်ပြုလုပ်ပြီး အောင်မြင်မှု ရရှိကာ Booster ကို စက်ရုပ်လက်တံရှိသော လွှတ်တင်ရေးတာဝါ Mechazilla မှ လက်ခံထားခဲ့ကြောင်း၊ ယခု အကြိမ် စမ်းသပ်မှု အောင်မြင်ခြင်းမှာ လာမည့်အချိန်ကာလတွင် အာကာသ ကုန်ထုတ် လုပ်မှု ကုန်ကျစရိတ်ကို များစွာ ကျဆင်းလာစေမည် ဖြစ်ကြောင်း ဖော်ပြခဲ့ ပါ သည်။