ဒေသစံတော်ချိန် အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့မှ တင့်ကားနှစ်စင်းသည် လက်ဘနွန်နိုင်ငံ Lami ဒေသ ရှိ ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ (UNIFIL) ၏ အခြေစိုက်စခန်း ဂိတ်ပေါက်ကို ဖျက်ဆီးပြီး အခြေစိုက်စခန်းအတွင်းသို့ အတင်းအဓမ္မ ဝင်ရောက်ခဲ့ကာ ၄၅ မိနစ်ခန့်အကြာတွင် ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း UNIFIL က ယခုလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။ UNIFIL သည် ယင်း “တုန့်လှုပ်ဖွယ်ရာ” ကျူးလွန်မှုများကို ရှင်းပြချက်ပေးရန် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့အား တောင်းဆိုခဲ့ပြီး ဖြစ်ကြောင်း သိရှိရ သည်။