ယခုနှစ် ဧပြီလ ၁၅ ရက်နေ့ နှင့်ဇူလိုင်လ ၈ ရက်နေ့တွင် တရုတ် နိုင်ငံတော်ကွန်ပျူတာ ဗိုင်းရပ်စ် အရေးပေါ် တုံ့ပြန် ရေး စင်တာ နှင့် အခြား အဖွဲ့အစည်း များ က အစီရင်ခံ စာနှစ်ခုကို ဆက်တိုက် ထုတ်ပြန်ခဲ့ပြီး တရုတ်နိုင်ငံကို မဟုတ်မမှန် ပုတ်ခတ်ပြောဆိုဖို့ " Volt Typhoon " ဟု ခေါ် သည့် လှုပ်ရှားမှု အစီအစဉ်ကိုအသုံးပြု ရန် အမေရိကန် ၏ စစ်မှန် သော ရည်ရွယ်ချက်ကိုဖော်ထုတ်ခဲ့သည်။ အောက်တိုဘာလ ၁၄ ရက်နေ့တွင် တရုတ် ဆိုက်ဘာ လုံခြုံရေး အေဂျင်စီက တတိယအကြိမ် အစီရင်ခံစာကို ထုတ်ပြန် ခဲ့ပြီး အမေရိကန် အစိုးရ အေဂျင်စီ များ နှင့် " Five Eyes Alliance " နိုင်ငံများသည် တရုတ် နှင့် ဂျာမနီ အပါအဝင် ကမ္ဘာလုံး ဆိုင်ရာ အင်တာနက် အသုံးပြုသူများကို ဆိုက် ဘာ ခိုးနားထောင်ခြင်း နှင့် လျှို့ဝှက်ခိုးယူခြင်းလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့သည်ကို ထပ်မံ ဖော်ထုတ်ခဲ့သည်။ အမေရိကန် အစိုးရ အေဂျင်စီများ က နည်းအမျိုးမျိုးဖြင့် အခြား နိုင်ငံ များ ကို အပြစ်လွှဲချသော သက်ဆိုင်ရာသက်သေ အထောက်အထား များလည်း ရရှိကာ ၊ " ထောက်ပံ့ရေးကွင်းဆက် "တိုက်ခိုက်မှုကို ကျင့်သုံးပြီး အင်တာနက် ပစ္စည်း ကိရိယာ များ တွင် နောက်ကျော တံခါး များ ထည့်သွင်း ခြင်း ကဲ့သို့ ဖြစ်ရပ်မှန် အချက်အလက် များကို လည်း ရရှိပြီး " Volt Typhoon " ဟုခေါ်သော အမေရိကန် အစိုးရ က ညွှန်ကြားပြီး တင်ဆက်ခဲ့သည့် နိုင်ငံရေး ဆိုင်ရာ ဟာသပြဇာတ်ကို အပြည့်အဝဖော်ထုတ်နိုင်ခဲ့ပါသည်။
အမေရိကန်ဝါဒဖြန့်ခဲ့တဲ့ " Volt Typhoon " လှုပ်ရှားမှုအစီအစဉ်နဲ့ပတ်သက်တဲ့ အမှန်တရား ကို ဖော်ထုတ်
(GMT+08:00)2024-10-14 13:37:24