ဆဋ္ဌမ အကြိမ်မြောက် ကမ္ဘာ့မီဒီယာ ထိပ်သီး အစည်းအဝေးကို ရှင်းကျန်း၌ ကျင်းပ

(GMT+08:00)2024-10-14 15:02:46  

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ဆဋ္ဌမ အကြိမ်မြောက် ကမ္ဘာ့မီဒီယာ ထိပ်သီး အစည်းအဝေးကို ရှင်းကျန်း၌ ကျင်းပခဲ့ရာ နိုင်ငံနှင့်ဒေသ ၁၀၆ ခုမှ ပင်မမီဒီယာ ၂၀၈ ခု၊ အစိုးရ ဌာနများ ၊ ကုလအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၅၀၀ ကျော် တို့ တက်ရောက်ခဲ့ကြသည်။

ယခုအကြိမ် မီဒီယာ ထိပ်သီး အစည်းအဝေး၏ ဆောင်ပုဒ်မှာ "ဉာဏ်ရည်တုနှင့် မီဒီယာ ပြုပြင် ပြောင်းလဲမှု" ဖြစ်ပြီး အစည်းအဝေးတွင် ယင်း ဆောင်ပုဒ်နှင့်ပတ်သက်ပြီး ကူးလူးဖလှယ် ဆွေးနွေး ကြသည့်အပြင် အစည်းအဝေးသို့ တက်ရောက်လာသူများသည် ရှင်းကျန်း၌ ၃ ရက်ကြာ ခရီး လှည့် လည်ကာ နိုင်ငံတကာမိသားစုကြီးအား ရှင်းကျန်း၏ အဖြစ်မှန်ကို ပြသမည်ဖြစ်ကြောင်း သတင်း အရ သိရပါသည်။