ဒေသစံတော်ချိန် အောက်တိုဘာလ ၁၃ ရက်နေ့က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု သည် လက်ဘနွန်ရှိ ကုလသမဂ္ဂ ယာယီတပ်ဖွဲ့ (UNIFIL) ၏ လုံခြုံရေးအတွက် လက်ဘနွန်တောင်ပိုင်းရှိ တိုက်ပွဲရပ်ဝန်းမှ ဆုတ်ခွာဖို့ ဗီဒီယိုမှတစ်ဆင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်အား တိုက်တွန်းခဲ့သည်။ နေတန်ယာဟုက UNIFIL စစ်သားများ ဒဏ်ရာ ရရှိ ခဲ့ခြင်း အပေါ် စိတ်မကောင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အလားတူဖြစ်ရပ်မျိုး မဖြစ်ပွားစေရန် အစ္စရေးက အတတ်နိုင်ဆုံး လုပ်ဆောင်နေကြောင်း၊ သို့သော် အလားတူဖြစ်ရပ်မျိုး မဖြစ်ပွားစေရန် ရိုးရှင်းပြီး သိသာထင်ရှားသော နည်းလမ်းတစ်ခုမှာ ၎င်းတို့အား အန္တရာယ်ရှိသောနေရာများမှ ထွက်ခွာ ကြရန် ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
လက်ဘနွန်တောင်ပိုင်းရှိ တိုက်ပွဲ ရပ်ဝန်းမှ ဆုတ်ခွာဖို့ UNIFIL တပ်ဖွဲ့များကို နေတန်ယာဟု တိုက်တွန်း
(GMT+08:00)2024-10-14 13:21:42