နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် Rutte က နေတိုးနိုင်ငံ ၁၃ နိုင်ငံက နှစ်စဉ် နျူကလီးယား စစ်ရေးလေ့ကျင့်မှုကို ယခုလ ၁၄ ရက်နေ့မှ စတင်ကာ ၂ ပတ်ကြာ ကျင်းပမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကြေညာခဲ့သည်။ ယခုနှစ် စစ်ရေးလေ့ကျင့်မှုကို ဘယ်လ်ဂျီယံနှင့် နယ်သာလန်တို့က ဦးစီးကျင်းပမည်ဖြစ်ပြီး အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် နေတိုးနိုင်ငံပေါင်း ၁၃ နိုင်ငံမှ F-35A တိုက်လေယာဉ်များနှင့် B-52 ဗုံးကြဲလေယာဉ်များ အပါအဝင် လေယာဉ် အစင်း ၆၀ ခန့် ပါဝင်မည်ဖြစ်ကာ စစ်ရေးလေ့ကျင့်မှုတွင် တပ်မတော်သား စုစုပေါင်း ၂၀၀၀ ခန့် ပါဝင်ကြောင်း၊ နေတိုး ကာကွယ်ရေးမူဝါဒနှင့် စီမံကိန်းဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Angus Lapsley က နေတိုးသည် ရန်သူများ အဓိကအားဖြင့် ရုရှားအား နည်းအမျိုးမျိုးဖြင့် ဟန့်တားရန် ကြိုးပမ်းနေ သည်ဟု ပြောကြားခဲ့ကြောင်း သတင်းအရ သိရှိရသည်။
နေတိုးသည် နှစ်စဉ် နျူကလီးယားစစ်ရေးလေ့ကျင့်မှုကို အောက်တိုဘာလ ၁၄ ရက်နေ့တွင် စတင်ပြုလုပ်
(GMT+08:00)2024-10-14 13:22:16