ဒေသစံတော်ချိန် အောက်တိုဘာလ ၁၃ ရက်နေ့က အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန သည် အစ္စရေးတွင် THAAD ဒုံးဖျက်စနစ်ကို ချထားမည် ဖြစ်ပြီး “အစ္စရေးကို အီရန်မှ ဒုံးကျည်တိုက်ခိုက်မှုအား တုံ့ပြန်သည့်အနေဖြင့် အစ္စရေး၏ လေကြောင်း ကာ ကွယ်ရေးစွမ်းရည် အားကောင်းစေရန် ကူညီမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ထိုနေ့တွင်ပင် ဖလော်ရီဒါတွင်ရှိနေသည့် အမေရိကန်သမ္မတ ဘိုင်ဒန်အား သတင်းထောက်များက မေးမြန်းသောအခါတွင် ၎င်းက “အစ္စရေးအား ကာကွယ်ရန်အတွက် ဖြစ်သည်” ဟု ဖြေကြားခဲ့သည်။