တရုတ်ပင်လယ်ကမ်းခြေစောင့်ကြပ်ရေးရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ လျူတေကျွင်းက အောက် တို ဘာလ ၁၄ရက်နေ့တွင် ပင်လယ်ရဲတပ်ဖွဲ့မှ သင်္ဘောအဖွဲ့ များဖြစ်သည့် ၂၉၀၁ အဖွဲ့၊ ၁၃၀၅ အဖွဲ့၊ ၁၃၀၃ အဖွဲ့နှင့် ၂၁၀၂ အဖွဲ့တို့သည် ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်ရှိ ပင်လယ်ရပ်ဝန်းတွင် ဥပဒေ စိုးမိုးရေး ကင်းလှည့် ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းသည် ထိုင်ဝမ်ကျွန်းကို တရုတ် ပြည် တစ်ပြည်တည်းသာ ရှိရေး မူနှင့်အညီ ပြုလုပ်သော လက်တွေ့ကျ ကင်းလှည့်ထိန်းချုပ်ဆောင်ရွက်မှုခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။