ထူးချွန်သော တရုတ်ကွန်မြူနစ်ပါတီဝင်နှင့် တရုတ်နိုင်ငံခေါင်းဆောင်၊ ၁၄ ကြိမ်မြောက် တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟို အတွင်းဝန်ရုံး မှ အတွင်းဝန်၊ ၁၅ ကြိမ်မြောက် ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ၁၆ ကြိမ်မြောက်နှင့် ၁၇ ကြိမ်မြောက် ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ်ဟောင်း၊ ၁၀ ကြိမ်မြောက်နှင့် ၁၁ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ ရဲဘော် ဝူပန်းကို ၏ ရုပ်အလောင်းကို ဘေကျင်းမြို့ ပါးပေါင်ရှမ်း တော်လှန်ရေး ဘုံသင်္ချိုင်းတွင် အောက်တိုဘာလ ၁၄ ရက်နေ့၌ မီးသင်္ဂြိုဟ်ခဲ့ပါသည်။
ရဲဘော် ဝူပန်းကိုသည် အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၄ နာရီ ၃၆ မိနစ်တွင် ဘေကျင်း၌ ရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
ရှီကျင့်ဖိန် အပါအဝင် ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များသည် ပါးပေါင်ရှမ်း တော်လှန် ရေး ဘုံသင်္ချိုင်းသို့ သွားရောက်ပြီး ရဲဘော် ဝူပန်းကို အား ပို့ဆောင် ခဲ့ကြပါသည်။