မြောက်ကိုရီးယား၏သတိပေးချက်ကို တောင်ကိုရီးယားကတုံ့ပြန်ပြောဆို၊ မြောက်ကိုရီးယား ပြည်သူ့တပ်မတော် စစ်ဦးစီးဌာနချုပ်သည် မြောက်-တောင်ကိုရီးယားနယ်စပ်ဒေသရှိ တပ်ဖွဲ့များ အား ပစ်ခတ်ရန် ပြင်ဆင်နေသည့် အနေအထားသို့ ဝင်ရောက်ရန် ညွှန်ကြားထား

(GMT+08:00)2024-10-14 13:23:23  

ပြုံယန်းမြို့၏ ကောင်းကင်ယံပေါ်တွင် တောင်ကိုရီးယားဒရုန်းများကို ထပ်မံတွေ့ရှိလျှင် ဝမ်းနည်းကြေကွဲဖွယ်ရာ အဆွေးဇာတ် ဖြစ်ပွားမည် ဖြစ်ကြောင်း မြောက် ကိုရီးယား အလုပ်သမားပါတီဗဟိုကော်မတီ ဒုတိယဝန်ကြီး Kim Yo Jong ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက တောင် ကိုရီး ယား ပြည်သူများ၏ လုံခြုံရေးကို ထိခိုက်လျှင် မြောက်ကိုရီးယား၏အာဏာ ပျက်သုဉ်းမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

    မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက မြောက်ကိုရီးယား နိုင်ငံ ပြုံယန်းမြို့အပေါ် တောင်ကိုရီးယားနိုင်ငံ၏ ရန်စမှုကြောင့် စစ်ရေးတင်းမာမှု ဟာ ထိမိရုံနှင့် ပေါက်ကွဲတတ်ကြောင်း၊ မြောက်ကိုရီးယား ပြည်သူ့တပ်မတော် စစ်ဦးစီးဌာနချုပ်သည် အောက်တိုဘာ လ ၁၂ ရက်နေ့တွင် တိုက်ပွဲပြင်ဆင်ရန် ညွှန်ကြားခဲ့ပြီ ဖြစ်ပြီး ရှေ့တန်း မြောက်ကိုရီးယား ပြည်သူ့တပ်မတော် အမြောက်တပ်များနှင့် အဓိကပစ်ခတ်မှုတာဝန်ကို ထမ်းဆောင်ရန် တပ်ဖွဲ့များအား အဆင်သင့်ဖြစ်နေရန် ညွှန်ကြားထား ကြောင်း၊ တောင်ကိုရီးယား နိုင်ငံမှ ထပ်မံရန်စလျှင် ချက်ချင်း တုံ့ပြန် တိုက်ခိုက်ရမည် ဖြစ်ကြောင်း အောက်တိုဘာလ ၁၃ ရက်နေ့က ပြောကြားခဲ့ပါသည်။