အမေရိကန်နိုင်ငံတွင် ဟာရီကိန်း Miltonကြောင့် ပျက်စီးဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ ခန့်ရှိပြီ ဖြစ်ကြောင်း ဒေသစံတော်ချိန် အောက်တိုဘာလ ၁၁ ရက်နေ့က အမေရိကန်သမ္မတ ဘိုင်ဒန်က ပြောကြားခဲ့သည်။
ဟာရီကိန်း Miltonသည် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်၌ အောက်တိုဘာလ ၉ ရက်နေ့ညက ဝင်ရောက် တိုက်ခတ် ခဲ့ပြီး လူ အနည်းဆုံး ၁၆ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။