အောက်တိုဘာလ ၁၁ ရက်နေ့က တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ပြည်သူ့ခန်းမဆောင်ကြီး၌ ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ပါတီဗဟိုကော်မတီ အတွင်းရေးမှူးရုံး အမှုဆောင် အတွင်းရေးမှူး Lương Cường နှင့် တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံကို မိမိ၏ အိမ်နီးချင်းနိုင်ငံများ သံတမန် ဆက်ဆံရေးတွင် ဦးစားပေးသောနိုင်ငံအဖြစ် သဘောထားကြောင်း၊ ဗီယက်နမ်နှင့်အတူ အဆင့် မြင်မားပြီး အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းစေရေး၊ နိုင်ငံတကာ တရားမျှတမှု ကာကွယ်စောင့်ရှောက်ရေးနှင့် လူသားများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွင် တွန်းအားပေးရေးအတွက် ရှေ့တန်းမှ ချီတက်ရန် နှင့် မဟာဗျူဟာမြောက် တရုတ်-ဗီယက်နမ် ကံကြမ္မာ အသိုက်အဝန်း လက်တွဲတည်ဆောက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။