လီချန်သည် ၁၉ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်

(GMT+08:00)2024-10-12 15:18:46  

ဒေသစံတော်ချိန် အောက်တိုဘာလ ၁၁ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ ကျင်းပသော ၁၉ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့သည်။ 

လီချန်က လက်ရှိအချိန်တွင် ကမ္ဘာကြီးသည် အသွင်ကူးပြောင်းရေးကာလသစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမှု အားနည်းနေကြောင်း၊ ယခုနှစ်သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးချက် ထုတ်ပြန်သည့် နှစ် ၇၀ ပြည့် မြောက်သည့် နှစ်ဖြစ်ကြောင်း၊ မငြိမ်မသက် ဖြစ်နေသော ကမ္ဘာကြီးတွင် "ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး" သည် ပိုမိုတန်ဖိုးရှိပြီး တရုတ်နိုင်ငံသည် ဘက်အသီးသီးတို့နှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးချက်ကို တစ်ဆင့်တိုး မြှင့်တင်ပြီး အေးအတူပူအမျှ လူသား ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ခြင်းကို အားဖြည့် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့သည်။ 

လီချန်က ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုသည် တောင်ပင်လယ် ငြိမ်းချမ်း တည်ငြိမ်ရေးနှင့် ခွဲမရကြောင်း၊ တရုတ်နိုင်ငံသည် ကုလသမဂ္ဂ ပင်လယ် ဥပဒေဆိုင်ရာ အထွေထွေ သဘောတူစာချုပ် အပါအဝင် နိုင်ငံတကာ ဥပဒေများကို အမြဲတမ်း လိုက်နာ ဆောင်ရွက်ကြောင်း၊ ပြင်ပမှ သက်ဆိုင်ရာနိုင်ငံများက တရုတ်နှင့် ဒေသတွင်းနိုင်ငံများမှ တောင်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်ရေးကို ပူးတွဲထိန်းသိမ်းရန်  ကြိုးပမ်းမှုများကို  လေးစား ထောက်ခံသင့်ပြီး ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အပြု သဘောဆောင်သော အခန်းကဏ္ဍမှ ထိရောက်စွာ ပါဝင်ဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။