China Media Groupမှ 2025 Brand Power Engineering အစီအစဉ် ထုတ်ပြန်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၁ ရက်နေ့က ဘေကျင်း၌ ကျင်းပခဲ့ရာ နိုင်ငံတော် ဈေး ကွက် ကြပ်မတ်စီမံခန့်ခွဲရေး ဌာနချုပ် ညွှန်ကြားရေးမှူးချုပ် ရော်ဝင်၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံ တို့သည် အခမ်းအနားတွင် အမှာစကား ပြောကြား ခဲ့ကြပါသည်။
ရှင့်ဟိုင်ရှုံက China Media Group အနေနှင့် အလွှာပေါင်းစုံမှ မိတ်ဆွေများနှင့် လက်တွဲ ပြီး ကုန်တံဆိပ်များနှင့် နိုင်ငံများအကြား၊ ကုန်တံဆိပ်များနှင့် ဈေးကွက်များအကြား၊ ကုန်တံ ဆိပ်များနှင့် စားသုံးသူများအကြား ပေါင်းကူးတံတားကို ခင်းကျင်းပေးပြီး တရုတ် ကုန်တံ ဆိပ်များ ကမ္ဘာကြီးသို့ ပိုမို လျင်မြန်စွာ လျှောက်လှမ်းသွားရန် အထောက်အကူ ပေး လိုက် ပါကြောင်း ပြောကြားခဲ့ပါသည်။
ရော်ဝင်က China Media Groupသည် Brand Power Engineering အစီအစဉ်ကို စတင် ဖော်ဆောင်ခဲ့ပြီးနောက်ပိုင်း ကဏ္ဍစုံ မီဒီယာကို အားကိုးအားထားပြုပြီး တရုတ် ကုန် တံဆိပ်များ၏ သြဇာသက်ရောက်မှုကို ကောင်းမွန်စွာ တိုးချဲ့ပေးခဲ့ကြောင်း ပြောကြား ခဲ့ပါ သည်။