တောင်ကိုရီးယား၏ဒရုန်းများ ပြုံယမ်းသို့ ဝင်ရောက်ခြင်းသည် ခွင့်လွှတ် ၍ မရနိုင်ဟု မြောက် ကိုရီးယား ဆို

(GMT+08:00)2024-10-12 15:21:54  

ဒေသစံတော်ချိန် အောက်တိုဘာလ ၁၁ ရက် နေ့တွင် မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ဌာန က ကြေညာချက်ထုတ်ပြန်ပြီး တောင်ကိုရီးယား သည် နယ်စပ် ဒေသ များ တွင် မြောက်ကိုရီးယားအား ဆန့်ကျင်ရေး ဝါဒဖြန့် စာစောင်များ ဖြန့်ဝေခဲ့ ရုံသာမက  စစ်တပ်တိုက်ခိုက်မှုများအတွက် အသုံးပြုနိုင်သည့် ဒရုန်းများကိုလည်း အသုံးပြုကာ မြောက်ကိုရီးယားမြို့ပေါ် ကောင်းကင်သို့ ဝင်ရောက်လာခဲ့ကြောင်း၊ ယင်းသည် ခွင့်လွှတ်၍မရနိုင်သည့် ရန်စမှုကြီးပင် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါ ကြေညာချက်တွင် မြောက်ကိုရီးယား ၏ တိုက်ခိုက် မှု နည်းလမ်း အားလုံးကို အချိန်မရွေး အသုံးပြု ရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း ဖော်ပြထားပါသည်။

မြောက်ကိုရီးယားဘက် မှ ထုတ်ပြန် သော ကြေညာချက်နှင့် ပတ်သက်၍  တောင်ကိုရီးယား ပူးတွဲ စစ်ဦး စီးဌာနချုပ် က တောင်ကိုရီးယား စစ်တပ်သည် မြောက်ကိုရီးယားသို့ ဒရုန်းများ မ လွှတ် ခဲ့ ကြောင်း ထိုနေ့တွင် ပြောကြားခဲ့သည် ။