အောက်တိုဘာလ ၁၀ ရက်နေ့က တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသ ခေါင်းဆောင် လိုက်ချင်းတေ သည် "တစ်ဦးကို တစ်ဦးက မပိုင်ဆိုင်ခြင်း"၊ "နိုင်ငံ နှစ်နိုင်ငံ" နှင့် " ထိုင်ဝမ် သီးခြားတည်ရှိမှု" သီအိုရီတွေကို ပြန်လည်ဝါဒဖြန့်ကာ ရေလက်ကြား နှစ်ဖက်ကမ်း သွေးခွဲမှုနှင့် ရန်ငြိုးထား ထိပ်တိုက်ရင်ဆိုင်မှုကို သွေးထိုးလှုံ့ဆော်ခဲ့သည်။
လိုက်ချင်းတေ မည်သို့ပင် ဝါဒဖြန့်ဖြန့် ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်းသည် တရုတ်နိုင်ငံ တစ်နိုင်ငံတည်း ဖြစ်ပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်း ဖြစ်သည့် အဖြစ်မှန်ကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။ ၁၉၄၃ ခုနှစ်က ကိုင်ရို ကြေညာချက်နှင့် ၁၉၄၅ ခုနှစ်က ပေါ်ဆတန် ကြေညာချက်တို့တွင် ဂျပန်က ခိုးယူခဲ့သော တရုတ်နိုင်ငံ ပိုင်နက်နယ်မြေ ဖြစ်သည့် ထိုင်ဝမ်ကို တရုတ်နိုင်ငံအား ပြန်ပေးကြောင်း ရှင်းလင်းပြတ်သားစွာ သတ်မှတ် ထားခဲ့သည်။ ယင်းသည် ဒုတိယကမ္ဘာစစ်ကြီး အပြီးတွင် နိုင်ငံတကာ စည်းစနစ်၏ အရေးကြီးသည့် အစိတ်အပိုင်း ဖြစ်ပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲမရသော ပိုင်နက် နယ်မြေ ဖြစ်ခြင်း၏ တရားဥပဒေဆိုင်ရာ အခြေခံအုတ်မြစ်ပင် ဖြစ်သည်။
လွန်ခဲ့သည့် ၅၃ နှစ်တုန်းက ကျင်းပခဲ့သော ၂၆ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မဲအပြတ်အသတ်ဖြင့် ဆုံးဖြတ်ချက် အမှတ် ၂၇၅၈ ကို အတည်ပြုခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ ကိုယ်စားလှယ်သည် တရုတ်နိုင်ငံ၏ ကုလသမဂ္ဂတွင် တစ်ခုတည်းသော တရားဝင် ကိုယ်စားလှယ် ဖြစ်ခြင်းကို အတည်ပြု ကာ ထိုင်ဝမ် ဒေသမှ ကိုယ်စားလှယ်များကို ကုလသမဂ္ဂနှင့် ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်း အားလုံးမှ နှင်ထုတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်သည် ထိုင်ဝမ် အပါအဝင် တရုတ်နိုင်ငံ တစ်နိုင်ငံလုံး၏ ကုလသမဂ္ဂတွင် ကိုယ်စားပြုပိုင်ခွင့် ပြဿနာကို အရင်းအမြစ်မှနေ ဖြေရှင်းခဲ့ပြီး "တရုတ်နိုင်ငံ နှစ်နိုင်ငံ"နှင့် "တရုတ်နိုင်ငံ တစ်နိုင်ငံ၊ ထိုင်ဝမ် တစ်ခု" တည်ရှိခြင်း မရှိကြောင်းကို ရှင်းလင်း ပြတ်သားစွာ အတည်ပြုထားပါသည်။
ထိုင်ဝမ်၏ ရှေ့အလားအလာသည် နိုင်ငံတော် တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေး ဖြစ်သည်။ လိုက်ချင်းတေက ထိုင်ဝမ် "သီးခြားတည်ရှိမှု" သီအိုရီကို မည်သို့ပင် ဝါဒဖြန့်ဖြန့် ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်း ဖြစ်ခြင်းကို ပြောင်းလဲနိုင်မည် မဟုတ်သလို ရေလက်ကြား နှစ်ဖက်ကမ်းသည် တရုတ်နိုင်ငံ တစ်နိုင်ငံတည်း ဖြစ်ခြင်း ဖြစ်သည့် အဖြစ်မှန်ကိုလည်း ပြောင်းလဲနိုင်မည် မဟုတ်ပေ။ လိုက်ချင်းတေတို့၏ "ထိုင်ဝမ် သီးခြားတည်ရှိမှု"ကို ရှာကြံပြီး ရန်စခြင်းတို့သည် သေချာပေါက် ရှုံးနိမ့်သွားမည် ဖြစ်ပြီး တရုတ်နိုင်ငံသည် သေချာပေါက် လုံးဝ တစ်ပေါင်းတစ်စည်းတည်း ဖြစ်ပါလိမ့်မည် ဖြစ်သည်။ ယင်းသည် မည်သူမဆို၊ မည်သည့်အင်အားစု မဆို တားဆီးနိုင်မည် မဟုတ်သော သမိုင်း ရေစီးကြောင်းပင် ဖြစ်သည်ဟု China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါသည်။