
Hindustan Times၊ New Delhi TeleVision စသည့်မီဒီယာများ၏ ဖော်ပြချက်အရ အောက်တိုဘာလ ၁၁ ရက်နေ့ ညတွင် အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်၌ ခရီးသည် တင် ရထားတစ်စီးနှင့် ကုန်တင်ရထားတစ်စီးတို့ တိုက်မိပြီး အနည်းဆုံး ရထားတွဲ ၁၂ တွဲ လမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း၊ ထိုဖြစ်စဉ်တွင် လူ ၁၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း၊ မတော်တဆမှု ဖြစ်ပွားသည့် အကြောင်းရင်းကို လောလောဆယ်တွင် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရပါသည်။








