တရုတ်နှင့် ဂျာမနီ သံတမန် ဆက်ဆံရေး ထားရှိခဲ့သည့် ၅၂ နှစ် ပြည့်မြောက်သည့်နေ့ ဖြစ်သည့် အောက်တိုဘာလ ၁၁ ရက်နေ့တွင် China Media Groupမှ ဦးစီးကျင်းပသော "ရေရှည် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ပြီး အင်အားများ စုစည်း၍ ဆန်းသစ်ရာသို့ ချီတက်ခြင်း" ဆောင်ပုဒ်ဖြစ်သည့် တရုတ်နှင့် ဂျာမနီ ကဏ္ဍစုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု ထားရှိခဲ့သည့် ၁၀ နှစ်ပြည့် လူမှုရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး လှုပ်ရှားမှုကို Munich မြို့၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ မီဒီယာ၊ ရုပ်ရှင်၊ ရုပ်မြင်သံကြား စသည့် နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များသည်လည်း ယင်းနေ့၌ စတင်ခဲ့ပါသည်။
China Media Group ဒုဥက္ကဋ္ဌ ရှင်ပို၊ ဂျာမနီနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ Minister ကျင်းယင်ရူ၊ ဂျာမနီနိုင်ငံ ပါဗာရီယာပြည်နယ် ယခင် စီးပွားရေး၊ စွမ်းအင်နှင့် နည်းပညာ ဝန်ကြီး ဘူရှီလာနှင့် ပါဗာရီယာပြည်နယ် နိုင်ငံခြား စီးပွားရေး ဦးစီးဌာန အာရှနှင့် ပါဗာရီယာ ရေးရာ တာဝန်ခံ အရာရှိ ရှီအန်မင်တို့ တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ကြပါသည်။