ခင်မင်ရင်းနှီးမှုဟာ ကြီးမားတဲ့အရာတစ်ခုဖြစ်ပြီး ခင်မင်ရင်းနှီးသောကမ္ဘာတစ်ခုဖြစ်မှ ငြိမ်းချမ်းသော ကမ္ဘာ ဖြစ်နိုင်ပါတယ်လို့ ရှီကျင့်ဖိန်ဆို

(GMT+08:00)2024-10-12 15:23:00  

အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံတကာချစ်ကြည်ရေးအစည်းအဝေးနှင့် တရုတ်ပြည်သူ့ နိုင်ငံခြားချစ်ကြည်ရေးအသင်း တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုကို တက်ရောက်နေသော နိုင်ငံခြားဧည့်သည်များနှင့် တွေ့ဆုံခဲ့သည်။

ရှီကျင့်ဖိန်က ကျွန်တော်ရဲ့နိုင်ငံခြားမိတ်ဆွေတစ်ဦး ကျွန်တော်နဲ့ ပြောခဲ့တယ်။ အဲဒါကတော့ ခင်မင်ရင်းနှီးမှုဟာ ကြီးမားတဲ့အရာတစ်ခုဖြစ်ပြီး ခင်မင်ရင်းနှီးတဲ့ကမ္ဘာတစ်ခုဖြစ်မှ ငြိမ်းချမ်းတဲ့ကမ္ဘာ ဖြစ်နိုင်ပါတယ်တဲ့။ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုပင်  ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်နှင့် လူသား ကံကြမ္မာတူ အသိုက် အဝန်း တည်ဆောက်ရန် ခမ်းနားထည်ဝါသော အင်အားများကို စုဝေး စေခဲ့ သည် ဟု ပြောကြား ပါသည်။