ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba သည် ဆောင်းဦးရာသီ Yasukuni နတ်ကွန်း ပူဇော်ပွဲသို့ မတက်ရောက်ရန် ဆုံးဖြတ်

(GMT+08:00)2024-10-12 15:17:32  

ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba သည် အောက်တိုဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပမည့် ဆောင်းဦးရာသီ Yasukuni နတ်ကွန်း ပူဇော်ပွဲသို့ မတက်ရန် ဆုံးဖြတ် လိုက် ပြီဖြစ်ကြောင်း ဂျပန်မီဒီယာများက သက်ဆိုင်ရာ သတင်းအရင်းအမြစ်များကို ကိုးကား၍ ရေးသားဖော်ပြထားပါသည်။ 

ထို့အပြင် Shigeru Ishiba ၏ အစိုးရ ကက်ဘိနက်အဖွဲ့တွင် ပညာရေး၊ ယဉ်ကျေးမှုနှင့် သိပ္ပံနည်းပညာ ဝန်ကြီး၊ မြေယာနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဒစ်ဂျစ်တယ်ရေးရာ ဝန်ကြီးတို့ အပါအဝင် ၆ ဦးတို့ သည် နတ်ကွန်းသို့ သွားရောက်ပူဇော်ရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့သည်ဟု  သတင်းအရ သိရပါသည်။