ဒေသစံတော်ချိန် အောက်တိုဘာလ ၁၀ ရက်နေ့က လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Navi Pillay မှ ကြေညာချက်ထုတ်ပြန်ပြီး၊ အစ္စရေးနိုင်ငံသည် ပါလက်စတိုင်း အစ္စလာမ် ခုခံရေး လှုပ်ရှားမှု (ဟားမတ်စ်) နှင့် ပဋိပက္ခတွင် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် အဆောက်အဦများအား ရက်စက်ကြမ်းကြုတ်စွာ တမင်တကာ တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး၊ ဂါဇာကမ်းမြောင်ဒေသရှိ ဆေးဝါးကုသရေးစနစ်များကို ဖျက်ဆီးခဲ့ကြောင်း၊ ယင်းလုပ်ရပ်များသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ဖြစ်လာပြီ ဖြစ်ကြောင်း အပြစ်တင်ရှုတ်ချခဲ့သည်ဟု ဖော်ပြထားပါသည်။
အစ္စရေးမှ ဂါဇာကမ်းမြောင်ဒေသရှိ ဆေးဘက်ဆိုင်ရာစနစ်များ ဖျက်ဆီးခြင်းသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်လာ ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးက ပြောကြား
(GMT+08:00)2024-10-11 14:51:28