၂၇ ကြိမ်မြောက် တရုတ်-အာဆီယံခေါင်းဆောင်များအစည်းအဝေး ကျင်းပစဉ် အတောအတွင်း တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံတို့က တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန် Version 3.0 ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှု ပြီးမြောက်ခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့သည့်အပြင် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန် Version 3.0 ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှု ပြီးစီးမှုနှင့်ပတ်သက်သော ပူးတွဲကြေညာစာတမ်းကို လည်း ထုတ်ပြန်ခဲ့ကြသည်ဟု တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ အောက်တိုဘာလ ၁၀ ရက်နေ့က ထုတ်ပြန်သော သတင်းအရ သိရှိရပါသည်။
တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့တို့က Version 3.0 ဆိုင်ရာစေ့စပ်ညှိနှိုင်းမှု ပြီးမြောက် ခြင်းမှာ နှစ်ဖက်တို့သည် စည်းမျဉ်းစည်းကမ်းများ၏ အခြေခံပေါ်တွင် ကုန်သွယ်ရေး ပတ်ဝန်းကျင်ကို ဦးလည်မသုန် ကာကွယ်ထိန်းသိမ်းပြီး စီးပွားရေးပြန်လည် ဦးမော့လာစေရန် ရှုပ်ထွေးသော ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်တွင် စီးပွားရေး တစ်ပြေးညီဖြစ်စေရေးနှင့် လက်တွေ့ကျပူးပေါင်းဆောင်ရွက်ရေးတို့ကို ပိုမိုနက်ရှိုင်းစေရန် ကြိုးပမ်းဆောင်ရွက်ကြ သည်ဟု ပြဆိုနိုင်ကြောင်း တစ်ညီတစ်ညွတ်တည်းယူဆခဲ့ကြပါသည်။
တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့တို့သည် ဥပဒေ စိစစ်ရေးနှင့် ပြည်တွင်းအစီအစဉ်များ စသည်တို့ကို အရှိန်မြှင့်ဆောင်ရွက်မည် ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် အဆင့်မြှင့်တင်မှု ပရိုတိုကောကို လက်မှတ်ရေးထိုးဖို့ တွန်းအားပေးရန် အသိအမှတ်ပြုခဲ့ကြပါသည်။
တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန် Version 3.0 ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှု ပြီးမြောက်
(GMT+08:00)2024-10-11 11:04:02