လီချန်သည် ၂၇ကြိမ်မြောက် တရုတ်-အာဆီယံ ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်

(GMT+08:00)2024-10-11 15:35:44  

အောက်တိုဘာလ ၁၀ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် လာအိုနိုင်ငံ၌ ကျင်းပသော ၂၇ကြိမ်မြောက် တရုတ်-အာဆီယံ (၁၀+၁) ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

လီချန်က တရုတ်နိုင်ငံသည် အာဆီယံတစ်ပြေးညီဖြစ်စေရေးနှင့် အသိုက်အဝန်း တည်ဆောက်ရေးကို အစဉ်တစ်စိုက် ပြတ်ပြတ်သားသား ထောက်ခံပြီး အာဆီယံ မဟာဗျူဟာ ကိုယ်ပိုင်ဆုံးဖြတ်ရေးကို ပြတ်ပြတ်သားသား ထောက်ခံမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးတို့နှင့်အတူ တရုတ်-အာဆီယံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အဆင့်သစ်သို့ အဆက်မပြတ်တက်လှမ်းရန် တွန်းအားပေးလိုကြောင်း ပြောကြားခဲ့ပါသည်။

ယင်းအစည်းအဝေးတွင် “တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဇုန် Version 3.0 ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှု ပြီးစီးမှုနှင့်ပတ်သက်သော တရုတ်-အာဆီယံ ပူးတွဲ ကြေညာစာတမ်း”၊ “အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုကို တိုက်ဖျက်ရေး ဆိုင်ရာ တရုတ်-အာဆီယံ ပူးတွဲကြေညာစာတမ်း”၊ “စမတ်လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရေးဆိုင်ရာ တရုတ်-အာဆီယံ ပူးတွဲကြေညာစာတမ်း” စသောအောင်ကျိုးရလဒ်စာတမ်းများကို အတည်ပြုခဲ့ပါသည်။