၁၃၆ ကြိမ်မြောက် တရုတ်သွင်းကုန်ပို့ကုန်ကုန်စည်ပြပွဲ (ကွမ်ကျိုးကုန်စည်ပြပွဲ) တွင် ပါဝင်ခင်းကျင်းပြသမည့် ပြည်ပစက်မှုကုန်သွယ်ရေးလုပ်ငန်းကုပ္မဏီများ၏ အရေအတွက် သည် လွန်ခဲ့သည့်အကြိမ်ပြပွဲထက် ၁၂ ရာခိုင်နှုန်း တိုးများလာ

(GMT+08:00)2024-10-11 15:45:06  

အောက်တိုဘာလ ၉ ရက်နေ့အထိ ၁၃၆ ကြိမ်မြောက် တရုတ်သွင်းကုန်ပို့ကုန်ကုန်စည်ပြပွဲ (ကွမ်ကျိုးကုန်စည်ပြပွဲ) တွင် ပြည်ပမှ ဝယ်ယူသူ ၁၂၅,၀၀၀ ခန့် ကြိုတင်စာရင်းပေးသွင်း ထားပြီး လွန်ခဲ့သည့်အကြိမ်ပြပွဲနှင့် နှိုင်းယှဉ်ကြည့်လျှင် ဒစ်ဂျစ်တယ်စမတ်ထုတ်ကုန် လွန်ခဲ့သည့်အကြိမ်ပြပွဲထက် ရာခိုင်နှုန်း ၃၀၀ တိုးများလာမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အောက်တိုဘာလ ၁၀ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သတင်းရရှိပါသည်။

တရုတ်သွင်းကုန်ပို့ကုန်ကုန်စည်ပြပွဲ တာဝန်ရှိပုဂ္ဂိုလ် Chu Shijia က ကမ္ဘာ့ထိပ်တန်း လက်လီကုမ္ပဏီ အခု ၂၅၀ မှ ၂၂၃ ခုသည် ပြပွဲတွင် ပါဝင်ခင်းကျင်းပြသရန် အတည်ပြု ခဲ့ကြပြီဖြစ်ပြီး လွန်ခဲ့သည့်အကြိမ်ပြပွဲထက် ၂၃.၉ ရာခိုင်နှုန်း တိုးများလာကြောင်း၊ ပြပွဲတွင် ပါဝင်ခင်းကျင်းပြသရန် မှတ်ပုံတင်ပြီးသား ပြည်ပစက်မှုကုန်သွယ်ရေးလုပ်ငန်းကုပ္မဏီ ၁၂၁ ခု ရှိပြီး လွန်ခဲ့သည့်အကြိမ်ပြပွဲထက် ၁၂ ရာခိုင်နှုန်း တိုးများလာကြောင်း ပြောကြားခဲ့ပါသည်။