၂၀၂၄ ခုနှစ် ပထမ သုံးလပတ်တွင် တရုတ်နိုင်ငံ၏ သင်္ဘောတည်ဆောက်မှု ပြီးစီးမှုပမာဏ၊ အမှာစာ အသစ်များနှင့် လက်ဝယ်ရှိ အမှာစာများသည် ကမ္ဘာ့ဈေးကွက်ဝေစု၏ ၅၅.၁ရာခိုင်နှုန်း၊ ၇၄.၇ရာခိုင်နှုန်းနှင့် ၆၁.၄ရာခိုင်နှုန်း အသီးသီးပါရှိကြောင်း၊ ကမ္ဘာပေါ်ရှိ သင်္ဘောအဓိကအမျိုးအစား ၁၈ မျိုးတွင် သင်္ဘောအမျိုးအစား ၁၄ မျိုးအတွက် တရုတ်နိုင်ငံ၏ အမှာစာအသစ်များ ရရှိခြင်းသည် ကမ္ဘာ့ပထမနေရာ တွင် ရှိလာကြောင်း တရုတ်စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနမှ အောက်တိုဘာလ ၁၀ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့ပါသည်။
တရုတ်စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၏ နောက်ဆုံးထုတ်စာရင်းအရ ယခုနှစ် ပထမ ၈ လအတွင်း တစ်ပြည်လုံးအတိုင်းအတာအသင့်အတင့်ရှိသော အလတ်စားနှင့်အသေးစား စက်မှုလုပ်ငန်းများ၏ တိုးတက်မှုတန်ဖိုးသည် ယမန်နှစ်အလားတူအချိန်ပိုင်းကထက် ၇.၁ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ အဓိကကုန်ထုတ်လုပ်ငန်း ၃၁ ခုအနက် ၁၉ ခုမှ အလတ်စားနှင့် အသေးစား လုပ်ငန်းများ၏ စုစုပေါင်းအမြတ်အစွန်းသည် တိုးတက်မှုကို ထိန်းသိမ်းထားခဲ့ကြောင်း သိရပါသည်။