ကာဇန် BRICS ထိပ်သီးအစည်းအဝေးတွင် နိုင်ငံပေါင်း ၃၂ နိုင်ငံက ပါဝင်ရန် အတည်ပြုခဲ့ကြောင်း ရုရှားအရာရှိ ဆို

(GMT+08:00)2024-10-11 15:46:58  

အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရုရှားနိုင်ငံသမ္မတ၏ လက်ထောက် Ushakov က ရုရှားနို်ငငံသမ္မတ ပူတင်သည် အောက်တိုဘာလ ၁၈ ရက်နေ့တွင် မော်စကိုမြို့၌ ကျင်းပမည့် BRICS စက်မှုကုန်သွယ်ရေးဖိုရမ်သို့ တက်ရောက်မည်ဖြစ်ပြီး မိန့်ခွန်းပြောကြားမည် ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

Ushakov က ရုရှားနိုင်ငံသည် BRICS ၏ အလှည့်ကျ သဘာပတိ နိုင်ငံအဖြစ် တာဝန်ထမ်းဆောင်သည့် ကာလအတွင်း ဆောင်ပုဒ်မှာ “နိုင်ငံစုံဝါဒကို အားကောင်းစေပြီး ကမ္ဘာ့ တရားမျှတစွာ ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံမှု တွန်းအားပေးခြင်း” ဖြစ်ကြောင်း၊ ကာဇန်၌ BRICS ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် နိုင်ငံပေါင်း ၃၈ နိုင်ငံကို ရုရှားက ဖိတ်ကြားထားပြီဖြစ်ပြီး နိုင်ငံပေါင်း ၃၂ နိုင်ငံက တက်ရောက်ရန် အတည်ပြုခဲ့ကာ ၎င်းတို့အနက် ၂၄ နိုင်ငံက အဆင့်အမြင့်ဆုံး ကိုယ်စားလှယ်များကို စေလွှတ်ပြီး ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ကြမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။