ဒေသစံတော်ချိန် အောက်တိုဘာလ ၁၀ ရက်နေ့က ယူကရိန်းနိုင်ငံ သမ္မတ ဇီလန်စကီး သည် ပြင်သစ်နိုင်ငံသို့ ခရီးလှည့်လည်ခဲ့ပါသည်။
ပြင်သစ်နိုင်ငံ၌ ခရီးလှည့်လည်ရာတွင် သက်ဆိုင်ရာ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဇီလန်စကီး က ယူကရိန်းနိုင်ငံသည် အပစ်အခတ်ရပ်စဲခြင်းဖြင့် အနောက်တိုင်း နိုင်ငံများ၏ လုံခြုံရေးအာမခံချက်ကို ရရှိရန် မစဉ်းစားခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
ထို့အပြင် ဇီလန်စကီး က ယူကရိန်းနိုင်ငံသည် စက်ပစ္စည်းများ ပြတ်လပ်မှုပြဿနာနှင့် ရင်ဆိုင်နေရပြီး ပြင်သစ်နိုင်ငံ၏ ထောက်ပံ့မှုကို ရရှိရန် မျှော်လင့်ကြောင်း၊ ပြင်သစ်နိုင်ငံ သမ္မတ မက်ကရွန်းနှင့် တွေ့ဆုံမှုတွင် အရေးကြီးဆွေးနွေးခဲ့သည်မှာ ယူကရိန်းနိုင်ငံအား “တာဝေးပစ်လက်နက်အချို့”ကို အသုံးပြုခွင့်ပေးရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။