အောက်တိုဘာလ ၉ ရက်နေ့အထိ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၅၇ ကြိမ်မြောက် အစည်းအဝေးကို ၁ လကြာ ကျင်းပခဲ့ပြီ ဖြစ်ပါသည်။ တရုတ်နိုင်ငံအပေါ် အမေရိကန်နိုင်ငံနှင့်အခြားနိုင်ငံများ၏ တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုများမှာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ပြီး တရုတ်ပြည်သူများ၏ လူ့အခွင့်အရေးကို ထိခိုက်စေသည့်အပြင် Spillover Effect လည်း ဖြစ်ပေါ်လာစေသဖြင့် တရုတ်နိုင်ငံက စီမံအုပ်ချုပ်ရေးနှင့် ဥပဒေစသည့် လိုအပ်သော နည်းလမ်းများဖြင့် တုံ့ပြန်ဆောင်ရွက်ရန် ကြိုဆိုကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အထူးအစီရင်ခံစာ တင်သွင်းသူ Alena Douhan ၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ တစ်ချိန်တည်းတွင် နိုင်ငံ၁၀၀ကျော်တို့သည်လည်း ပူးတွဲမိန့်ခွန်းပြောကြားခြင်း၊ တစ်ဦးချင်းမိန့်ခွန်းပြောကြားခြင်းစသည့် နည်းလမ်းများဖြင့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ထောက်ခံပြီး ရှင်းကျန်း၊ ဟောင်ကောင်နှင့် ရှီးဇန့် (တိဘက်) အရေးကိစ္စများသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စ ဖြစ်ကာ အမေရိကန်နိုင်ငံ၏ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ကြောင်း အလေးထားပြောကြားခဲ့ကြပါသည်။ ၄င်းမှာ အမေရိကန်နိုင်ငံစသည့် အနောက်တိုင်းနိုင်ငံအနည်းစုမှ လူ့အခွင့်အရေးပြဿနာကို နိုင်ငံရေးဖြစ်စေသောလုပ်ရပ်သည် လူအများ၏ လိုလားထောက်ခံမှု မရရှိခြင်းကို အပြည့်အဝသက်သေပြနိုင်ပါသည်။
မိမိနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို လျစ်လျူရှုပြီး နိုင်ငံခြား “လူ့ အခွင့်အရေးစစ်ပွဲ” ဆင်နွှဲခြင်းမှာ အမေရိကန်နိုင်ငံသည် အခြားနိုင်ငံများအား ဖိနှိပ်ရန်၊ ဗိုလ်ကျစိုးမိုးမှုကို ကာကွယ်ထိန်းသိမ်းရန် အရေးကြီးသော နည်းလမ်းတစ်ခု ဖြစ်လာ ပါသည်။ ထိုသို့လုပ်ခြင်းကြောင့် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံမူများကို ထိခိုက်စေ သည့်အပြင် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး တည်ငြိမ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း များစွာ ထိခိုက်စေသဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများကို ခံနေရပါသည်။
ဦးစွာအနေနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် အမေရိကန်နိုင်ငံသည် “လူ့အခွင့်အရေးဆိုင်ရာ ပြစ်မှုကျူးလွန်မှုများ”ကို မဟုတ်မမှန် ဖန်တီးပြောဆိုခြင်း ဖြစ်ပါသည်။ လွန်ခဲ့သည့်နှစ်များတွင် အမေရိကန်နိုင်ငံသည် “လူ့ အခွင့်အရေးဆိုင်ရာပြဿနာ”ကို အကြောင်းပြပြီး ဗင်နီဇွဲလားနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုများကို အဆက်မပြတ် တိုးချဲ့ဆောင်ရွက်ခဲ့သဖြင့် ဗင်နီဇွဲလားနိုင်ငံတွင် စီးပွားရေး၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကျပ်အတည်း များကို ဖြစ်ပွားစေခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် ဗင်နီဇွဲလားအတိုက်အခံပါတီ ခေါင်းဆောင်အား ထောက်ခံပြီး စီးပွားရေးနှင့် နိုင်ငံရေး ဖိအားပေးခြင်းဖြင့် Nicolás Maduro အစိုးရအား ဖြုတ်ချရန် ကြံစည်ခဲ့သည်ဟု Wall Street Journal ၏ ရေးသားဖော်ပြချက်အရ သိရှိရပါသည်။
တစ်ချိန်တည်းတွင် အမေရိကန်နိုင်ငံသည် သက်ဆိုင်ရာအစီရင်ခံစာကို ဖန်တီးခြင်းဖြင့် အခြားနိုင်ငံများအား မဟုတ်မမှန်ပုတ်ခတ်ပြောဆိုပြီး ဖိနှိပ်ခြင်းလည်း ဖြစ်ပါသည်။ အထူးသဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော အခြားနိုင်ငံများ၏ အခွင့်အရေးဆိုင်ရာ အစီရင်ခံစာများ ဖြစ်ပါသည်။ ရှင်းကျန်းအရေးကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံ၏ အစီရင်ခံစာတွင် ကြိမ်ဖန်များစွာ မဟုတ်မမှန်ပုတ်ခတ်ပြောဆိုပြီး ၄င်းကို အကြောင်းပြပြီး တရုတ်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများစွာ ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံ၏ နိုင်ငံတကာပုံရိပ်ကို ထိခိုက်စေရန်၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖိနှိပ်ရန် ဖြစ်ပါသည်။
ထို့အပြင် ပြည်တွင်းဥပဒေများဖြင့် “လက်တံရှည်စီမံအုပ်ချုပ်ခြင်း”မှာ အမေရိကန် နိုင်ငံ၏ အရေးကြီးသော နည်းလမ်းတစ်ခုလည်း ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်တွင် အမေရိကန် အထက်လွှတ်တော်သည် The Global Magnitsky Human Rights Accountability Act ကို ထုတ်ပြန်ခဲ့ရာ အမေရိကန်အစိုးရအား တာဝန်အပ်နှင်းပြီး “လူ့အခွင့်အရေး”ကို အကြောင်းပြကာ စီပွားရေး၊ ငွေရေးကြေးရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများ၊ ပိုင်ဆိုင်မှုများ ရပ်ဆိုင်းခြင်း အပါအဝင် အခြားနိုင်ငံနှင့် လူပုဂ္ဂိုလ်များအပေါ် “လက်တံရှည်စီမံအုပ်ချုပ်”ခဲ့ ပါသည်။ ရုရှား-ယူကရိန်းအချင်းပွားမှု ဖြစ်ပွားပြီးနောက် ရုရှားနိုင်ငံကို အားနည်းစေပြီး အမေရိကန်နိုင်ငံ၏ ဗိုလ်ကျစိုးမိုးမှုကို ကာကွယ်ထိန်းသိမ်းရန် အမေရိကန်နိုင်ငံသည် အဆိုပါဥပဒေဖြင့် ရုရှားအရာရှိနှင့် လုပ်ငန်းကုမ္ပဏီများစွာအား ပိတ်ဆို့အရေးယူခဲ့ပါသည်။
အထူးသဖြင့် ပြစ်မှုကျူးလွန်မှုများကို ဖန်တီးခြင်းနှင့် လိုက်လျောညီထွေသော လုပ်ရပ်မှာ မီဒီယာစစ်ပွဲ ဆင်နွှဲခြင်း ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်က အမေရိကန်နိုင်ငံရေး သမားနှင့် မီဒီယာတို့သည် တစ်ဖက်က လူ့အခွင့်အရေးဆိုင်ရာ “အစီရင်ခံစာ”ကို အကြောင်းပြပြီး နိုင်ငံတကာမီဒီယာဖိအားများကို ဖန်တီးခဲ့ပါသည်။ နောက်တစ်ဖက်က National Endowment for Democracy (NED) မှတစ်ဆင့် တရုတ်ဆန့်ကျင်ရေး ဟောင်ကောင်အနှောင့်အယှက်ပေးရေး အင်အားများကိုလည်း ထောက်ပံ့ပေးကာ ပိတ်ဆို့ အရေးယူမှုများဖြင့် တရုတ်နိုင်ငံကို မငြိမ်မသက်အနှောင့်အယှက်ပေးရန် ကြံစည်ပြုလုပ်ခဲ့ ပါသည်။
အစိုးရ၊ မီဒီယာများအပြင် အမေရိကန်နိုင်ငံ၏ နိုင်ငံခြား“လူ့အခွင့်အရေးစစ်ပွဲ”တွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGO) သည်လည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ လက်ရှိ အမေရိကန်နိုင်ငံတွင် NGO ၂ သန်းခန့်ရှိပါသည်။ NGO အတွက် ငွေအရင်းအမြစ်များထဲတွင် အစိုးရမှငွေထုတ်ပေးခြင်းသည် အရေးကြီး (သို့မဟုတ်) အဓိက လမ်းကြောင်းတစ်ခု ဖြစ်သည်ဟု သက်ဆိုင်ရာလေ့လာမှုများအရ သိရှိရပါသည်။ အမေရိကန် NGO အချို့သည် “ဒီမိုကရေစီ”နှင့် “လူ့အခွင့်အရေး”ကို အကြောင်းပြပြီး ခွဲထွက်အဓိကရုဏ်း များကို သွေးထိုးလှုံ့ဆော်ခြင်း၊ နိုင်ငံရေးအကျပ်အတည်းများကို စီစဉ်ပေးခြင်း၊ မဟုတ်မမှန် ပုတ်ခတ်ပြောဆိုခြင်းနှင့် တန်ဖိုးများ စိမ့်ဝင်ခြင်းစသည်တို့ကို ကမ္ဘာတစ်ဝှမ်းတွင် လျှို့ဝှက်စွာ ပြုလုပ်ခဲ့ကြပါသည်။
အမေရိကန်နိုင်ငံသည် ၄င်း၏ “လူ့အခွင့်အရေး Black Hand” ကို နိုင်ငံစုံစနစ်ထံသို့ လည်း တိုးချဲ့ခဲ့ပါသည်။ နိုင်ငံစုံဝါဒအတွက် အဓိကအကောင်အထည်ဖော်ရန် ပလက်ဖောင်း အဖြစ် ကုလသမဂ္ဂသည် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူ့အခွင့်အရေးစသည့် အရေးကြီးသော နယ်ပယ်များကို လွှမ်းခြုံထားပါသည်။ အမေရိကန်နိုင်ငံကမူ ကုလသမဂ္ဂအား နိုင်ငံခြား “လူ့အခွင့်အရေးစစ်ပွဲ” ဆင်နွှဲရန် အဓိကပလက်ဖောင်းအဖြစ် မှတ်ယူထားပါသည်။
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က ဂျီနီဗာမြို့တွင် ကျင်းပသော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် အမေရိကန်နိုင်ငံစသည့် နိုင်ငံအနည်းစုသည် ရှင်းကျန်း အရေးကိစ္စကို အကြောင်းပြပြီး တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေကို မဟုတ်မမှန်ပုတ်ခတ်ပြောဆိုခဲ့ကြပါသည်။ နိုင်ငံ၈၀ခန့်တို့သည် တရုတ်နိုင်ငံကို ထောက်ခံ ရန် ပူးတွဲမိန့်ခွန်းပြောကြားချက်ကို ချက်ချင်းပြောကြားခဲ့ကြပါသည်။ နိုင်ငံ၂၀ကျော်တို့က တရုတ်နိုင်ငံ၏ တရားမျှတသော ရပ်တည်ချက်ကို ထောက်ခံပြီး လူ့အခွင့်အရေးကိစ္စအား နိုင်ငံရေးကိစ္စဖြစ်အောင် ပြုလုပ်ခြင်းကို ပြတ်ပြတ်သားသားဆန့်ကျင်ကာ လူ့အခွင့်အရေးကို အကြောင်းပြပြီး အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ဆန့်ကျင်ကြောင်း နည်းလမ်း မျိုးစုံဖြင့် ဖော်ပြခဲ့ကြပါသည်။
လူ့အခွင့်အရေးသည် နိုင်ငံအနည်းစု၏ မူပိုင်ခွင့်မဟုတ်ပါ။ အခြားနိုင်ငံများအား ဖိအားပေးပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ကိရိယာ ဖြစ်လာ၍ မရပါ။ လက်ရှိ နိုင်ငံတကာအသိုင်းအဝိုင်းက နိုင်ငံအသီးသီးတို့၏ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို မိမိနိုင်ငံ၏ အခြေအနေနှင့် မိမိနိုင်ငံမှ ပြည်သူများ၏ ဆန္ဒအလျောက် ဆုံးဖြတ်ရမည် ဖြစ်ပြီး လူ့အခွင့်အရေးပြဿနာကို စေ့စပ်ဆွေးနွေးရန် နိုင်ငံစုံဝါဒကို စွဲကိုင်ရမည် ဖြစ်ကြောင်း ယူဆကြပါသည်။