တရုတ်နိုင်ငံတော် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ၏ ပြောရေးဆိုခွင့်ရှိသူ Li Ming က ယခုရက်များတွင် လက်ဘနွန်-အစ္စရေး အခြေအနေ တင်းမာမှု အရှိန်မြင့်လာနေသောကြောင့် လက်ဘနွန် နေရာများစွာတွင် ဆက်သွယ်ရေး ကိရိယာ ပေါက်ကွဲမှုနှင့် လေကြောင်းမှ တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ၊ လူအမြောက်အမြား သေ ဆုံး အနာတရ ဖြစ်စေခဲ့ကြောင်း၊ လက်ဘနွန်အစိုးရ၏ တောင်းဆိုချက်အရ တရုတ်အစိုးရသည် လက်ဘနွန်၏ ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီဆောင်ရွက်ရန် လက်ဘနွန်အား အရေးပေါ် လူသားချင်း စာနာထောက်ထားမှု ဆေးဘက်ဆိုင်ရာ အကူအညီများ ကို ပေးအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံသည် လက်ဘနွန်အား အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်မည်
(GMT+08:00)2024-10-08 15:39:10