ယခုလ ၇ရက်နေ့က ၇၉ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသည် “ကုလသမဂ္ဂ အရေးကြီး အစည်းအဝေးများမှ အောင်ကျိုးရလဒ်များကို လက်တွေ့ ဖော် ဆောင် ပြီး ကုလသမဂ္ဂ စနစ်ကို အားကောင်းစေရန်နှင့် ပြုပြင်ပြောင်းလဲရန်”ဟူသော ခေါင်း စဉ်ဖြင့် အချေအတင် ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ ကုလသမဂ္ဂ ဆိုင်ရာ တရုတ် အမြဲ တမ်း ကိုယ်စားလှယ် ဖုဆုန်းက မိန့်ခွန်းပြောကြားရာတွင် လုံခြုံရေး ကောင်စီ အပေါ် ကျိုး ကြောင်း ဆီလျော်သည့် ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သော့ချက်မှာ မှန်ကန် သည့် လားရာကို သတ်မှတ်ပြီး အာဖရိက နိုင်ငံများ အပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ကိုယ်စား ပြုမှုနှင့် ပြောဆိုပိုင်ခွင့်ကို တကယ် တိုးမြှင့်ကာ ပိုမိုများပြားသည့် လွတ်လပ်သော သံတမန်ရေး မူဝါဒ ရှိသည့် အလတ်စားနှင့် အငယ်စား နိုင်ငံများအား လုံခြုံရေး ကောင်စီ၏ မူဝါဒ ချမှတ်ရေးတွင် ပါဝင်စေရန် ဖြစ်ကြောင်း၊ လုံခြုံရေး ကောင်စီက ချမ်းသာသည့် နိုင်ငံများနှင့် နိုင်ငံကြီးများ၏ ကလပ် လို ၊ ပထဝီ အနေအထား အရ ခုခံယှဉ်ပြိုင်မှုနှင့် အုပ်စု နိုင်ငံရေး ဆောင်ရွက်သည့် နေရာ လိုမျိုး ဖြစ်အောင် လုံးဝ လက်လွတ်စပယ် မပြုသင့်ကြောင်း ပြောကြားခဲ့သည်။
လုံခြုံရေး ကောင်စီသည် ပထဝီ အနေအထား အရ ခုခံယှဉ်ပြိုင်မှုနှင့် အုပ်စု နိုင်ငံရေး ဆောင်ရွက်သည့် နေရာ မဖြစ်သင့်ဟု တရုတ်ဆို
(GMT+08:00)2024-10-08 15:40:01