၂၀၂၄ ခုနှစ် အမျိုးသားနေ့ ရုံးပိတ်ရက်များ အတောအတွင်း တရုတ်နိုင်ငံ၏ ရုပ်ရှင်လက်မှတ် ရောင်းချရငွေ ယွမ် ၂.၁၀၄ ဘီလီယံ ရ ရှိ

(GMT+08:00)2024-10-08 15:47:06  

တရုတ်အမျိုးသားရုပ်ရှင်စီမံခန့်ခွဲရေးဌာနမှ အောက်တိုဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်သောစာရင်းအရ အောက်တိုဘာလ ၁ ရက်ကနေ့မှ ၇ ရက်နေ့အထိ  ၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ ၏ အမျိုးသားနေ့ ရုံးပိတ်ရက်များ အတောအတွင်း တရုတ်နိုင်ငံ၏ ရုပ်ရှင်လက်မှတ် ရောင်းချရငွေ ယွမ် ၂.၁၀၄ ဘီလီယံရရှိပြီး  ရုပ်ရှင်ကြည့်သူ ၅၂.၀၉ သန်းရှိကာ ပြည်တွင်းထုတ်ရုပ်ရှင်၏  လက်မှတ်ရောင်းချရမှု မှာ ယွမ် ၂.၀၁၇ ဘီလီယံဖြစ်ပြီး ၉၅.၈၇ ရာခိုင်နှုန်း ရှိကြောင်း၊  ၎င်းတို့အနက် ရုပ်ရှင်"The Volunteers: The Battle of Life and Death" ရုပ်ရှင်ဇာတ်ကား သည် လက်မှတ်ရောင်းချရငွေ ယွမ် ၈၀၅ သန်းဖြင့် Box Office ကို ဦးဆောင်ခဲ့ သည်။

ယေဘုယျအားဖြင့် ယခုနှစ် အမျိုးသားနေ့ ရုံးပိတ်ရက်များ အတောအတွင်း  mainstream ရုပ်ရှင်အသစ်များ၊ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်များ၊ အက်ရှင်ရုပ်ရှင်များ၊ သည်းထိတ်ရင်ဖိုရုပ်ရှင်များ၊ ကာတွန်းရုပ်ရှင်များနှင့် အခြားရုပ်ရှင်အမျိုးအစားများ ပြသခဲ့ပါသည်။