တရုတ် အမျိုးသား ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဥက္ကဋ္ဌ ကျင့်ရှန်းကျယ် က ယခုလ ၈ရက်နေ့က ကျင်းပသည့် နိုင်ငံတော် ကောင်စီ သတင်းစာ ရှင်းလင်းပွဲ ၌ ပိုမို ရှုပ်ထွေးသော ပြည်တွင်းပြည်ပ ပတ်ဝန်းကျင်ကို ခြုံငုံကြည့် ပါက တရုတ်နိုင်ငံ၏ စီးပွားရေး သည် ယေဘုယျအားဖြင့် တည်ငြိမ်နေပြီး တိုးတက်မှုရှိလာကြောင်း၊ အရည်အသွေး သစ် ကုန်ထုတ်စွမ်းအားများ အရှိန်အဟုန်ဖြင့် ဖွဲ့စည်းလျက်ရှိပြီး အရည်အသွေးမြင့် ဖွံ့ဖြိုး တိုးတက်မှုသည် နက်ရှိုင်းစွာ အဆင့်မြင့်မားလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။
ကျင့်ရှန်းကျယ် က ပြည်တွင်းဝယ်လိုအား မလုံလောက်ခြင်းစသည့် ပြဿနာများကို တုံ့ပြန်ရာတွင် ပြည်တွင်းဝယ်လိုအားကို ချဲ့ထွင်ရန် မူဝါဒများသည် ပြည်သူများ၏ နေထိုင်မှုဘဝကို အကျိုးပြုခြင်းနှင့် စားသုံးမှုမြှင့်တင်ခြင်းအပေါ် ပိုမိုအာရုံစိုက်ရကြောင်း ပြောကြား ခဲ့ပါသည်။