အစ္စရေးနိုင်ငံ၏ အရေးအကြီးဆုံးသော မဟာမိတ်နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံ သည် အစ္စရေးနိုင်ငံသို့ စစ်လက်နက်နှင့်ကိရိယာများကို ရေရှည် ထောက်ပံ့ ပေးနေခဲ့ သည်။ အမေရိကန်ဘရောင်းတက္ကသိုလ်မှ အောက်တိုဘာလ ၇ ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ နောက်ပိုင်း အမေရိကန်နိုင်ငံ သည် အစ္စရေးနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၇.၉ ဘီလီယံကျော် တန်ဖိုးရှိသော စစ်ရေး ထောက်ပံ့မှုများ ပေးအပ်ခဲ့ပြီ ဖြစ်ပြီး သမိုင်းစံချိန်သစ် တင်ခဲ့ကြောင်း ဖော်ပြထား ပါသည်။
၄င်းအစီရင်ခံစာတွင် အစ္စရေးနိုင်ငံသည် အမေရိကန်နိုင်ငံ၏ စစ်ရေး ထောက်ပံ့မှုများ လက်ခံရရှိသော အကြီးဆုံးနိုင်ငံ ဖြစ်ကြောင်း၊ ၁၉၅၉ ခုနှစ်နောက်ပိုင်း ငွေကြေး ဖောင်းပွမှု ထိန်းညှိပြီးနောက် အမေရိကန်နိုင်ငံမှ အစ္စရေးနိုင်ငံသို့ စစ်ရေးထောက်ပံ့မှု စုစုပေါင်း ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၅၁.၂ ဘီလီယံ ရှိခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြထား ပါသည်။