အာဆီယံ အလှည့်ကျ သဘာပတိနိုင်ငံ လာအိုနိုင်ငံ ဝန်ကြီးချုပ် Somxay ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် အောက်တိုဘာလ ၉ရက်နေ့မှ ၁၂ရက်နေ့အထိ လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်းမြို့၌ ကျင်းပမည့် ၂၇ ကြိမ်မြောက် တရုတ်-အာဆီယံ (၁၀+၁) ခေါင်းဆောင်များ အစည်းအဝေး၊ ၂၇ ကြိမ်မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား (၁၀+၃) ခေါင်းဆောင်များ အစည်းအဝေးနှင့် ၁၉ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေး (EAS)သို့ တက်ရောက်မည်ဖြစ်ပြီး လာအိုနိုင်ငံကို တရားဝင် လည်ပတ်မည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Pham Minh Zheng ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် အောက်တိုဘာလ ၁၂ ရက်နေ့ မှ ၁၄ ရက်အထိ ဗီယက်နမ်နိုင်ငံသို့ တရားဝင် သွားရောက် လည်ပတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က အောက်တိုဘာလ ၈ရက်နေ့တွင် ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။
လီချန်သည် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး ခေါင်းဆောင်များ အစည်းအဝေးများ တက်ရောက်မည်ဖြစ်ပြီး လာအိုနှင့် ဗီယက်နမ်နိုင်ငံသို့ တရားဝင် လည်ပတ်မည်
(GMT+08:00)2024-10-08 18:26:52